ကျမ တက္ကသိုလ် second year 2017
နှစ်အစပိုင်း Febလရောက်တော့ အဖေ
ရခိုင်ကနေခဏ အိမ်ကိုပြန်လာတယ်ဖေဖေက သူငယ်ငယ်တည်းက ချူချာသူတစ်ယောက် သန်သန်မာမာကြီးမဟုတ်ပေမယ့်
အရမ်းတော့ ကျန်းမာရေးမကောင်းတာမဟုတ် တခါတလေ အထူးကုတွေနဲ့ပြရ
အကြောဆေးသွင်း အနားယူရတာမျိုးတွေ
ရှိတယ် အဆုတ်အားမကောင်းလို့ အမောသိပ်
မခံနိုင်ဘူးလေဒါတွေကလည်း အဖေ့အဒေါ်က ငယ်ငယ်တုန်းက အမွေခွဲပေးရမှာကြောက်လို့
ဆရာဝန်ကိုပိုက်ဆံပေးပြီး ဆေးမှားထိုခိုင်း
ခဲ့တာကိုး ဘာမှမသိတဲ့ 7နှစ်သားလေးကတော့ အဲ့အရွယ်တည်းက ချူချာခဲ့တယ်အဖေကလေ အရမ်းသနားဖို့ကောင်းတာ
မိသားစုရဲ့ နွေးထွေးမှုကိုမရခဲ့ဘူး အမေကစောစောဆုံးသွားတော့ သူ့ခမျာ အကိုအကြီးဆုံး ဖြစ်နေတော့ ကျောင်းတဖက်နဲ့ အလုပ်က
လည်းလုပ်ရတယ် ညီ၂ယောက်နဲ့ ညီမလေးကိုလည်း ရှာကျွေးရသေးတာ
သူ့ညီတွေက မသိတတ်တဲ့အပြင် ဆိုးတယ်
အသုံးအဖြုန်းကြီးတယ် အလုပ်သေချာမလုပ်ဘူး အကိုအကြီးဆုံးဆီပဲ လက်ဖြန့်တောင်းခဲ့တာ ညီမလေးကတော့ လိမ္မာတယ်
အိမ်ထောင်စောစောကျသွားလို့ သူ့အတွက်
မစိုးရိမ်ရတော့ဘူးအဖေက အလုပ်မှာလည်း အရမ်းရိုးတယ်
အထက်လူကြီးက အကျင့်ယုတ်ပြီး မတရားခိုင်း ပိုက်ဆံနည်းနည်းပဲပေးလည်း သူသည်းခံတယ် မိသားစုအတွက် တကယ့်ကို
အိမ်ထောင်ဦးစီးကောင်း ဖခင်ကောင်း
တစ်ယောက်ပါ အဲ့လိုလူကောင်းကို
ကံကြမ္မာက လုံးဝ မျက်နှာသာမပေးဘူးကျမ ရင်နာတယ် နောင်တတွေလည်းရတယ်
Feb လ၂ပတ်မြောက်လောက်မှာ အဖေက
ကျမရယ် အမေရယ် မောင်လေးရယ်နဲ့အတူ
မိသားစုလိုက် ညဘက်ရွှေတိဂုံဘုရားကိုအတူ
သွားကြတယ် အပြန်လည်းမုန့်တွေစား လျှောက်ကြည့်နဲ့ အရမ်းပျော်စရာကောင်းခဲ့
တာ~~နောက်ရက်တွေကျတော့ အဖေ သံတွဲကို
ပြန်သွားတယ်
April လောက်ကျတော့ ဖုန်းဆက်တယ်
အဖေချောင်းဆိုးတာ သွေးပါပြီး ဆေးရုံ တင်ထားရတယ်တဲ့
ကျမလေ ဘာလုပ်လို့လုပ်ရမှန်းမသိ
တအားရင်တွေပူခဲ့တာ လိုက်သွားလို့လည်း
မရခဲ့ဘူး
![](https://img.wattpad.com/cover/295603642-288-k162095.jpg)