နွေရာသီ ပိတ်ရက်ပြီးရင်အမေ့ဆီပြန်တယ်
ကျောင်းဖွင့်ချိန်ပြန်စတော့ အဖေ့ကို သတိရတယ် သူကနယ်မှာအလုပ်လုပ်နေရတုန်းပဲ
မိသားစု စားဝတ်နေရေးအတွက်ပေါ့
ပင်လယ်နားနီးပြီး အစားအသောက်
ကောင်းကောင်းမစားဖြစ်တဲ့ အဖေက ပိုပိန်ပြီး
အသားတွေလည်းမဲသွားတယ် ညတိုင်း
အိမ်ကိုဖုန်းဆက်မပြတ်ဘူး သူသာ
ကျန်းမာရေးမကောင်းတာ အိမ်ကိုအမြဲစိတ်ပူ
နေတတ်သူကြီးပါလေလကုန်ရက်ရောက်ရင် အဖေ့လစာကို ကုမ္ပဏီမှာ အမေနဲ့သွားထုတ်ရတယ် အဖေက
တပြားမှမယူဘူး
မိသားစုကို အကုန်ပေးတာ အမေကအဖေ
မှာထားလို့ထင်တယ် ကျမလိုချင်တာတွေ
စားချင်တာတွေ ဝယ်ပေးတယ် 1တန်းကနေ
4တန်းထိ မုန့်ဖိုး 100ရတယ် 5တန်းကနေ
10တန်းထိ 300ရတယ် အဖေကအမြဲ ဆုံးမနေကျ သမီးကိုဘာလို့ အဲ့လောက်ပဲပေးတာလဲ မေးတတ်တဲ့ သူ့သမီးကို သူငယ်ချင်းတွေ
မုန့်ဖိုး 500, 1000 ရချိန် 300 ပဲပေးတယ်
ဆိုတာ ပိုက်ဆံတန်ဖိုးသိစေချင်လို့ လွယ်လွယ် မသုံးမိအောင်ကလေးတည်းက
လုပ်ပေးတာတဲ့ အဲ့တုန်းက ငယ်သေးတော့
နားမလည်ဘူး စိတ်ကောက်တယ် ဘေးက
သူငယ်ချင်းတွေ မုန့်စားနေရင် အားကျ
စိတ်မကောင်းဖြစ် အဖေပြောတာကို
နားမလည်ခဲ့ဘူးအခုတော့ အဲ့ကျေးဇူးတွေကြောင့် ပိုက်ဆံ
စုတတ်နေပြီ လိုချင်တာမြင်တိုင်း သိပ်မဝယ်
ဖြစ်ခဲ့ဘူး ကျေးဇူးတင်ပါတယ် ဖေဖေရေဒါနဲ့ ကျမ 8တန်း 9တန်း 10တန်း ရောက်လာတယ် စာအရမ်းမတော်ဘူး အလယ်အလတ်
Eco ယူထားတာ ကျက်စာအားသန်တယ်
သင်္ချာတွက်ရတာ ပျင်းတယ် အားနည်းတယ်
အဲ့တော့ 6ဘာသာမှာ Math ဆိုအမြဲ
အမှတ်နည်းတတ်တယ်
အဖေက သိပ်မဆူဘူး ချော့ပြောတယ်
ကြိုးစားဖို့
အမေကတော့ တအားဆူတယ် အပျင်းကြီးတယ် အသုံးမကျဘူးတဲ့ ကျူရှင်ထားပေး
တာတောင်အမှတ် မများလို့ ကျမကို
သူကြည့်မရခဲ့ဘူး မုန်းနေတယ်ကျမ ညဘက်တွေဆို ဝရံတာထွက်ပြီး
လမင်းနဲ့ကြယ်တွေကိုမော့ကြည့်ရင်း
စကားပြောတယ် စိတ်အားငယ်တဲ့အကြောင်း
အဖေ့ကို အနားမှာရှိစေချင်တဲ့အကြောင်း
မိသားစုနွေးနွေးထွေးထွေး ရှိစေချင်တဲ့
အကြောင်းတွေလည်း ဆုတောင်းမိတယ်
မပြည့်ပေမယ့်ပေါ့
