Ep.15 ညှို့ [Zawgyi]

516 20 0
                                    

" အဟား...အဲ့တော့ မင်းကို မင်းမမက ကြောင်လိုက်တယ်ပေါ့ "

" ဘာမင်းမမလဲ အဲ့တာတွေက‌ဘယ်သူ့ကြောင့်ဖြစ်တာလဲ ဟွန့်...မပြောလိုက်ချင်ဘူး "

ထည်ဝါဂေဟာကနေ ပြန်လာပြီး နောက်တစ်နေ့ရုံးရောက်တော့၊ မနေ့ကဂေဟာမှာမောင်လေးလို့ အခေါ်ခံလိုက်ရတာ‌တွေ ညှို့ကိုပြန်ပြောပြလိုက်တာ ညှို့ဆိုတဲ့အကောင်ဆီကနေ ပြန်ရလိုက်သည်က အတောမသတ်နိုင်သောရယ်ခြင်းများနဲ့အတူ  နောက်ဆက်တွဲပါလာသည်က မင်းမမတဲ့ သောက်ကျိုးနဲ မင်းမမပဲ အဲ့လိုအခေါ်ခံရတာ မင်းမွှေတဲ့မီးကြောင့် မဟုတ်ဘူးလားကွ။

" တကယ်ပါပဲကွာ သူ့ကြည့်တော့ဖြင့် လူကောင်က ငါတစ်ခါကိုင်ပေါက်စာတောင် မရှိဘူး၊ အဲ့တာကိုငါဂေဟာထဲဝင်သွားကတည်းက ငါ့ကိုမောင်လေး မောင်လေးနဲ့ ပါးစပ်ကကိုမချတော့ဘူး "

" မင်းထက်အသက်ကြီးလို့ နေမှာပေါ့ "

" မသိဘူးကွာ ငါ့ကို သူများကအငယ်လို့သတ်မှတ်ခံရတဲ့ခံစားချက်ကို မကြိုက်ဘူး "

" ဒါပေမယ့် ကောင်မလေးကို မင်းစိတ်‌တော့ဝင်စားတယ်မလား "

" မင်းကဘယ်လိုသိတာလဲ "

ခုနက‌တော့ မ‌နေ့ကအကြောင်းတွေ ခရေစေ့တွင်းကျ ပြန်ပြောနေတာ သူမဟုတ်သလိုနဲ့ ထည်ဝါတစ်ယောက် ရှက်ရှက်နဲ့လည်ပင်းတွေဘာတွေပါ ပွတ်ကုန်ပြီ။

" ထည်ဝါရာ မင်းနဲ့ငါကငယ်ငယ်လေးထဲကပေါင်းလာတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေပါကွာ မင်းအကြောင်းငါသိပါတယ်၊ မင်းလိုလူက မင်းစိတ်မဝင်စားတဲ့အကြောင်းဆိုရင် ငါ့လိုပဲအခုလိုအချိန်အကုန်ခံပြီး ပြန်ပြောပြနေမယ့်လူမှမဟုတ်တာ အဲ့ဒီ့အစားလုပ်ငန်းကိုပဲ ပိုပြီးအာရုံစိုက်နေမှာပေါ့ မဟုတ်ဘူးလား "

" အင်းဟုတ်တယ် ငါလဲသူ့ကိုစိတ်ဝင်စားပါတယ် တစ်ခုပဲ ငါ့ကိုသူ့ထက်အငယ်လို မောင်လေးလို့ခေါ်နေတာတော့ လုံးဝအဆင်မပြေဘူး "

" ဒါကတော့ မင်းမမတစ်ယောက်ရသွားတာပေါ့ကွာ ဟားဟား"

" ဒါပေမယ့်ဒီအချိန်မှာတော့ မမလဲမလိုချင်သေးဘူး ညီမလေးလဲမလိုအပ်သေးဘူးဟေ့ "

အချစ်၏ညှို့ငင်မှုနောက်သို့ (Ongoing)Nơi câu chuyện tồn tại. Hãy khám phá bây giờ