Ep. 27 ညှို့ [Unicode]

1.1K 47 8
                                    

ခန်းနားထည်ဝါလှတဲ့အိမ်ကြီးရဲ့ ဘေးဖက်မှာတော့ ဒေါ်ညှို့ရတနာအကြိုက်ဆုံးဖြစ်တဲ့ နှင်းဆီပန်းတွေကို အရောင်စုံလင်နေအောင် စိုက်ပျိုးထားသည်။ ထိုအရောင်စုံနှင်းဆီတွေ ဝန်းရံထားတဲ့အလယ်မှာတော့ သက်တော့သက်သာရှိလှတဲ့ အပန်းဖြေအိမ်လေးထဲမှာ ညှို့တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေမိတယ်။

တဟူးဟူးနဲ့ တိုက်ခတ်နေတဲ့ဆောင်းလေတစ်ချက် တစ်ချက်ရဲ့ လေညှင်းလေးတွေထဲမှာ နှင်းဆီပန်းရနံ့တွေ ထုံရီမွှေးကြိုင်စွာပါမလာခဲ့ပေမယ့် ရနံ့သင်းသင်းလေးတော့ ယူဆောင်လာခဲ့တယ်။

"သား!...ညှို့! ထည်ဝါလေးလာပြီ သားခေါ်ထားတာဆို"

"ဟုတ်တယ်အမေ"

"ဒါဆိုသားတို့နှစ်ယောက် စကားအရင်ပြောနှင့်ကြ၊ အမေတို့မနက်စာစားဖို့ ဒီနေရာကိုပဲရွှေ့လိုက်တော့မယ်၊ ထည်ဝါ သားလဲမနက်စာ မစားခဲ့ရသေးဘူးမလား အမေတို့နဲ့ တစ်ခါထဲစားသွားလိုက်"

"သားလဲဗိုက်ဆာနေတာနဲ့အတော်ပဲ အမေရေ"

"ဒီကောင်လေးကတော့လေ"

အမေကအပေါ်ထပ်အကျီကို လွမ်းကိုယ်တိုင်ထိုးပေးထားတဲ့ ချည်ထိုးထည်လေးကိုဝတ်ထားပြီး အိမ်ထဲသို့ပြန်လည်ဝင်ရောက်သွားသည်။ ဧကတွေနဲ့ချီပြီးကျယ်ဝန်းလှတဲ့ ဒီခြံထဲမှာဟိုးအရင်ကတော့ မိသားစုသုံးယောက်နေခဲ့ကြပေမယ့်၊ အခုတော့ သားအမိနှစ်ယောက်နဲ့ အစေခံတွေပဲကျန်ရစ်ခဲ့တာ အချိန်တစ်ခုတောင်ရှိသွားခဲ့ပြီပဲ။

"ညှို့မင်းငါ့ကို ဘာခိုင်းစရာရှိလို့လဲ ပြီးရင်ငါလဲမင်းကိုပြောစရာရှိသေးတယ်"

"ဒီနေ့ညနေ(...) Hotelမှာ လွမ်းတို့စာအုပ်တိုက်ရဲ့နှစ်သစ်ကူးပွဲကျင်းပကြလိမ့်မယ် အဲ့တာမင်း..."

"ဟိုး!ဟိုး!...stop!"

"ဘာဖြစ်လို့လဲ"

စားပွဲဝိုင်းရဲ့တစ်ဖက်ခြမ်းမှာထိုင်နေတဲ့ ထည်ဝါက သူပြောနေတဲ့စကားကိုတောင် ဆုံးအောင်နားမထောင်ပဲ  ဘာခိုင်းတော့မယ်ဆိုတာ ကြိုသိနေသလိုမျိုး လက်ကာပြရင်းတားလေသည်။

"ဒီလောက်ဆိုငါသိပြီ မင်းဘာခိုင်းမလဲဆိုတာ"

"ပြောကြည့်ပါအုံး"

အချစ်၏ညှို့ငင်မှုနောက်သို့ (Ongoing)Where stories live. Discover now