နေ့သစ်တစ်ခုရဲ့ မနက်ခင်းနေရောင်ခြည်နွေးနွေးလေးတွေ ဝင်ရောက်နေတဲ့ အခန်းလေးထဲမှာ၊ ကွေးကွေးလေးအိပ်နေတဲ့ ချစ်ရသူလေးကို အမြတ်တနိုးနဲ့ထိုင်ကြည့်ခွင့်ရနေတဲ့ သူကကံကောင်းတဲ့လူသားတစ်ယောက်ပဲ မဟုတ်ဘူးလား.....
"လွမ်း...!"
"လွမ်း...!"
"ဟင်....!"
အိပ်ယာပေါ်မှာလူးလှိမ့်နေပြီး ပါးစပ်ကနေ "တစ်ဟင်ဟင်"နဲ့ထူးနေတဲ့ ညှို့ရဲ့ချစ်သူအသစ်စက်စက်လေးက တကယ်အိပ်ပုပ်ကလေး။
"ထပါအုံးမောင့်လွမ်းရဲ့ 7နာရီကျော်နေပြီလေ"
"အွန်း....ညှို့ရောက်လာပြီလား?"
"အွန်းမောင်ရောက်နေပြီ အဲ့တာကြောင့်ထတော့နော် အလုပ်နောက်ကျနေလိမ့်မယ်...ပြီးခဲ့တဲ့တစ်ပတ်လုံးလဲ အလုပ်မသွားထားဘူးမလား"
"ဟင့်အင်း...မထချင်သေးဘူး၊ ထပ်အိပ်ချင်သေးတယ် နော် နော်ခဏလေးပဲ"
"မောင့်လွမ်းက ထပ်အိပ်ချင်သေးတာလား"
"အင်းအင်းခဏလေးပဲနော် ဒီလောက်ပိစိလေး"
လက်ညိုးနဲ့လက်မလေးကို ပူးပြီးဒီလောက်လေးဆိုတဲ့ လက်ဟန်လေးလုပ်ပြကာ ပြန်အိပ်ဖို့လုပ်နေတဲ့ ချစ်ရသူရဲ့ပုံစံလေးက သိပ်ချစ်ဖို့ကောင်းလွန်းတယ်။ ထို့နောက် တစ်ဆက်ထဲထကြွလာတဲ့ သူ့ရဲ့တစ်နေရာကိုထိန်းချုပ်ဖို့အတွက်၊ တစ်ခြားအကြောင်းအရာကို အာရုံရောက်အောင် စကားလမ်းကြောင်းလွှဲလိုက်ရသည်။
"ဒါဆိုမောင့်ကိုနမ်း"
လွမ်းဂျောင်ပိတ်စေမယ့် စကားကိုသူတမင်ရွေးပြောလိုက်တော့ လူးလှိမ့်နေတဲ့လွမ်းက ခဏတော့ငြိမ်သက်သွားသည်။ အချိန်ခဏလောက်ကြာပြီးမှ ခေါင်းလေးကိုကြွကာ သူ့ရဲ့ညာဖက်ပါးဆီကို အိပ်ချင်မူးတူးနဲ့ နမ်းပြီး ပြန်အိပ်သွားသည်။
"ရှုတ်! မောင်...လွမ်းခဏလေးထပ်အိပ်ပါရစေနော် အရမ်းအိပ်ချင်နေလို့ပါ"
အိပ်ချင်မူးတူးနဲ့ ပြောတဲ့ထိုစကားသံလေးတွေက သူ့ရဲ့ထိန်းချုပ်မှုတံခါးကို ခဏခဏလာခေါက်နေပြီမို့ သူဘာမှထပ်မဟရဲတော့ပါ။ ထိုအစား လက်ကနာရီကိုသာ စိုက်ကြည့်ရင်း စက္ကန့်တွေမိနစ်တွေကို ရေရွတ်နေခဲ့တယ်။
ESTÁS LEYENDO
အချစ်၏ညှို့ငင်မှုနောက်သို့ (Ongoing)
Romance" ညှို့....ဆိုတဲ့မင်းရဲ့နာမည််အတိုင်း မင်းရဲ့ဖြစ်တည်မှုကလေ စပါးကြီးမြွေလိုပဲ လူတစ်ယောက်လုံးကို မင်းဆီကနေ မလွတ်မြောက်နိုင်အောင် ရစ်ပတ်ထားပြီး ညို့အားပြင်းပြင်းနဲ့ ညို့ယူနိုင်ခဲ့တယ် " " လွမ်းငယ်....မင်းပြောသလိုပဲ ကိုယ်ကတော့ မင်းနဲ့နီးစပ်ရဖို့အတွက်ဆို...