CEOခန်းထဲမှာ မအားမလပ်နဲ့ အလုပ်တွေ တစ်ခုပြီးတစ်ခု ကုန်းရုန်းလုပ်နေတဲ့ ညှို့ကိုကြည့်ပြီး ၊ အခန်းအပြင်ဖက်ကနေ ထည်ဝါ နေမထိထိုင်မသာ ဖြစ်နေတော့သည်။
" ဒီကောင် ဒီရက်ပိုင်း အလုပ်တွေအရမ်းလုပ်နေတာ နားဖို့ပြောတာလဲ မနားဘူး ကြာရင်ကျန်းမာရေး ထိခိုက်သွားလိမ့်မယ် "
" ထည်ဝါ "
" လာပြီ ညှို့ နေ့လည်စာ ထမင်းစားတော့မလား ငါပြင်လိုက်မယ် "
" မစားသေးဘူး စစ်ရမယ့် fileတွေ ကျန်သေးလား စားပွဲပေါ်မှာတစ်ခါထဲ တင်ထားခဲ့လိုက် "
" ညှို့ မင်းလက်ကနာရီက အချိန်ကြည့်ဖို့ပတ်ထားတာနော် အလှပတ်ထားတယ်လို့ထင်နေလား "
" သိတယ်လေ ဘာဖြစ်လို့လဲ "
" သိတယ်သာပြောနေတာ နေ့လည်စာ စားချိန်ကကျော်နေပြီ မင်းထမင်းမစားရသေးဘူးလေ "
" ထားလိုက် နောက်မှစားလိုက်မယ် အခုလောလောဆယ် ငါလုပ်ရမယ့် အလုပ်တွေ အကုန်လုံး ငါ့ဆီကိုအကုန်ယူခဲ့လိုက် "
" ထမင်းအရင်စားလိုက်ပါကွာ ကျန်တာငါဆက်လုပ်ထားလိုက်မယ် ၊ မင်းဒီရက်ပိုင်း ထမင်းစား အချိန်မမှန်တာကြာပြီ ၊ကြာရင်ကျန်းမာရေးထိခိုက်သွားလိမ့်မယ် ၊ မင်းက ဒီကုမ္ပဏီကြီးရဲ့ CEO မင်းတစ်ခုခုဖြစ်သွားလို့ မဖြစ်ဘူး ပြီးတော့မင်းကျန်းမာရေးကိုပါ ဂရုစိုက်ရမှာ ငါ့အလုပ် "
" အဲ့တာဆိုလဲ နေ့လည်စာ ပြင်ထားလိုက်တော့ "
" ကောင်းပြီ ငါပြင်လိုက်တော့မယ် ဒါနဲ့ မင်းဘာလို့ အလုပ်တွေချည်းပဲ အလျင်စလို ဖိလုပ်နေရတာလဲ ညှို့ "
" လွမ်းအတွက် "
" ဘာဖြစ်တယ် ငါမရှင်းလို့ "
" လွမ်းအတွက်လို့ အဲ့တာကြောင့် ဒီတစ်ခေါက် ဒီဇင်ဘာလမှာ ကုမ္ပဏီကလူတွေကို အလုပ် 12ရက်ပိတ်ပေးမယ် "
" ကောင်းတာပေါ့ ဟမ်! ဘာ...ဘာ? "
" .......... "
" 12ရက်ဟုတ်လား ဆောင်းတွင်းကြီး နှင်းတွေမကျပဲ မိုးတွေရွာကုန်တော့မှာပဲ ညှို့ရာ "
" ဘာလို့လဲ "
" မင်းလို စီးပွားရေး ဘုရင်ကလေ နိုင်ငံခြားမှာ ရှိနေခဲ့တဲ့ နှစ်တွေမှာတောင် ၊ ဝန်ထမ်းတွေက ဒီဇင်ဘာလမှာ ပိတ်ရက်လေး ထပ်တိုးပေးဖို့တောင်းဆိုနေတာတောင် စိတ်မဝင်စားခဲ့တဲ့မင်းက၊ အခုတော့ ဝန်ထမ်းတွေကတောင် ဘာမှမပြောရသေးဘူး ပိတ်ရက်က 12ရက်ကြီးများတောင် ပိတ်ပေးမှာဆိုတော့ အံ့ဩလွန်းလို့ပါ ၊ မင်းနောက်နေတာ မဟုတ်ဘူးမလား ညှို့...
ဟားဟား "
YOU ARE READING
အချစ်၏ညှို့ငင်မှုနောက်သို့ (Ongoing)
Romance" ညှို့....ဆိုတဲ့မင်းရဲ့နာမည််အတိုင်း မင်းရဲ့ဖြစ်တည်မှုကလေ စပါးကြီးမြွေလိုပဲ လူတစ်ယောက်လုံးကို မင်းဆီကနေ မလွတ်မြောက်နိုင်အောင် ရစ်ပတ်ထားပြီး ညို့အားပြင်းပြင်းနဲ့ ညို့ယူနိုင်ခဲ့တယ် " " လွမ်းငယ်....မင်းပြောသလိုပဲ ကိုယ်ကတော့ မင်းနဲ့နီးစပ်ရဖို့အတွက်ဆို...