ကလောင်! ကလောင်!
အိမ်ရှေ့ကနေ ထွက်လာတဲ့ ခေါင်းလောင်းသံလေးတွေကြောင့်၊ သူရေးလက်စ laptop လေးကိုချကာ အလောတကြီးအောက်ကို ဆင်းလာမိတော့သည်။
"ညှို့!...ဟင်! အော် အသက်ပဲ"
မျှော်လင့်ထားတဲ့သူမဟုတ်တဲ့အတွက် သူဝမ်းနည်းသွားပေမယ့်၊ သူ့အတွက်အားကိုးစရာ အမတစ်ယောက်လိုဖြစ်တဲ့ အသက်ရောက်လာတာဆိုတော့ သူနည်းနည်းတော့ စိတ်သက်ရာရပါသည်။
"ဟဲ့! ဖြေးဖြေးဆင်းပါဟယ်! ဘယ်လိုတွေဆင်းလာတာလဲအိမ်ပေါ်ကနေ ချော်ကျကုန်ပါအုံးမယ်၊ နင်ဟာလေ တစ်ခါတစ်လေ သတိလက်လွတ်နဲ့!"
အိမ်ပေါ်ကနေဒုန်းစိုင်းဆင်းလာတဲ့ လွမ်းဟာလေကလေးလေးလဲ မဟုတ်ပါပဲနဲ့။ ခါတိုင်းဆို ပုံသွင်းမထားရင်တောင် ပုံစံကျနေတဲ့ဆံပင်တွေကဖွာလန်ကြဲလို့၊ ဝတ်ထားတဲ့အိမ်နေရင်းဝတ်စုံကလဲ ကြေမွနေတာပဲ၊ တစ်ကိုယ်လုံးခြုံငုံကြည့်လိုက်ရင် လွမ်းရဲ့ပုံစံကအားပျက်နေတဲ့ လူမမာလိုပဲ။
"အင်းပါ...ထိုင်လေအသက် ဘာသောက်မလဲ"
"ရေအေးအေးလေးတစ်ခွက်ပဲပေးပါဟယ် ငါမောလာလို့"
ရေခဲသေတ္တာထဲက ရေအေးအေးလေးကို ဖန်ခွက်အရှည်လေးထဲထည့်ပြီး အသက်ကိုကမ်းပေးလိုက်သည်။
ဆိုဖာပေါ်ကို ပါလာတဲ့ဘေးလွယ်အိတ်လေးချပြီး သူ့ဆီကိုစိုးရိမ်တကြီးကြည့်ကာ ဒေါသမပါတဲ့ ဂရုဏာအသံနဲ့လှမ်းအော်နေတဲ့ အသက်ရယ်ပါလေ။ အဲ့လိုအသေးစိတ်ကအစ ဂရုစိုက်မှုတွေပေးနေလို့ သူကအသက်ရဲ့ မောင်ငယ်လေးလိုတောင်ဖြစ်နေပြီ။ သူ့အတွက်တော့ အသက်ကအမကြီးအမိအရာလိုပဲ။ သူဂေဟာကိုပထမဆုံး စရောက်လာတဲ့နေ့တုန်းက ဘယ်သူနဲ့မှစကားမပြောတဲ့ သူ့ရှေ့ကိုအသက်ကပဲ စုပ်လုံးလေးတစ်လုံးကမ်းပေးကာ မိတ်ဆက်လာတယ်။
"ဟူး! နေပူထဲကလာရတာ အခုမှပဲ အေးသွားတော့တယ်"
ဂွလတ်!!
အသက်ရေအဝသောက်ပြီးလို့ ဖန်ခွက်ကိုစားပွဲပေါ်တင်ရင်း စကားဆိုလိုက်တယ်။ တစ်ဖက်ဆိုဖာပေါ်မှာထိုင်နေတဲ့ လွမ်းရဲ့မျက်နှာက မတွေ့ရတဲ့တစ်ပတ်လောက်လေးမှာ သိသိသာသာကိုချောင်ကျသွားသည်။ စားပွဲပေါ်မှာရှိတဲ့ အလှထိုးထားတဲ့ ပန်းအိုးကိုသာ ငေးကြည့်နေတဲ့လွမ်းက ဘာတွေများပူပန်နေရလို့ပါလိမ့်။
YOU ARE READING
အချစ်၏ညှို့ငင်မှုနောက်သို့ (Ongoing)
Romance" ညှို့....ဆိုတဲ့မင်းရဲ့နာမည််အတိုင်း မင်းရဲ့ဖြစ်တည်မှုကလေ စပါးကြီးမြွေလိုပဲ လူတစ်ယောက်လုံးကို မင်းဆီကနေ မလွတ်မြောက်နိုင်အောင် ရစ်ပတ်ထားပြီး ညို့အားပြင်းပြင်းနဲ့ ညို့ယူနိုင်ခဲ့တယ် " " လွမ်းငယ်....မင်းပြောသလိုပဲ ကိုယ်ကတော့ မင်းနဲ့နီးစပ်ရဖို့အတွက်ဆို...