EP.24 ညှို့ [Zawgyi]

343 9 2
                                    

Global ကုန်တိုက်ကြီးက အရင်နေ့များနဲ့မတူ ဒီနေ့မှာပိုပြီးထူးခြားကာ အဝင်ဝမှစ၍ လျှောက်လမ်းတစ်ဆုံး လက်ရန်းတွေကအစ အပြင်အဆင်တွေပါ ပြောင်းလဲနေခဲ့တယ်။

" ထည်ဝါငါပြောထားတဲ့ ဘော်ဒီဂတ်တွေရော သေချာစောင့်နေတယ်မလား "

" အင်းငါသေချာပြောထားတယ် "

" ဒီမီဒီယာသမားတွေကရော ငါပြောထားတဲ့အတိုင်း အကုန်လုံးလိုက်နာနိုင်ရဲ့လား "

" ငါအကုန်းလုံးရှင်းပြီးသားပါ "

" အေးပြီးတာပဲ ပြီးမှတစ်ခုမှလွဲချော်သွားတာမလိုချင်ဘူးနော် ထည်ဝါ "

" အေးပါကွာ မင်းသူငယ်ချင်းငါ့ကိုမယုံဘူးလား ငါလုပ်တဲ့အလုပ်ကဘယ်နားက လွဲချော်ဖူးလို့လဲ "

" ငါကလဲ မီဒီယာသမား‌တွေစီကနေ လွမ်းကိုမထိခိုက်စေချင်လို့ "

" ငါနားလည်ပါတယ်ကွာ ဒါပေမယ့်အခုမင်းပုံစံက လေ အရင်ကနဲ့ကို မတူတော့ဘူး...တစ်ခုခုဆို အရမ်းအဖြစ်သည်းလာတာ မင်းကိုယ်မင်းရောသိရဲ့လား "

" မသိဘူး လွမ်းနဲ့ပတ်သတ်တာပဲသိတယ် "

" အေးအဲ့ဒီမှာကောင်းရော ကိုယ့်ကိုယ်ကို Global ရဲ့CEO ဝဠာညှို့ငင် ဆိုတာလဲ သတိရအုံး....မင်းဘေးမှာအန္တရယ်တွေက ခပ်များများနဲ့ လူတွေကလဲရှုပ်နေတော့ ငါမင်းအတွက်ပါ လူထပ်တိုးထားတယ် "

" ပြီးတာပဲ "

" ညှို့ရေ လာတော့လေ ပွဲစတော့မယ် "

" ဒါ‌ပဲထည်ဝါ လွမ်းခေါ်နေပြီ "

" သဘောတော်အတိုင်းပါပဲဗျာ ကြွကြွ "

" လာညှို့ လွမ်းဘေးမှာလာထိုင် "

" လွမ်းဘေးမှာထိုင်လို့ ဘယ်ဖြစ်မလဲ လွမ်းရဲ့...ကိုယ်ကဒီ‌နေ့ လွမ်းရဲ့ဘော်ဒီဂတ်တစ်ယောက်လေ "

" အဲ့တာဆိုလဲ လွမ်းဘေးနားမှာပဲ ရပ်နေပေး လွမ်းအခုစိတ်လှုပ်ရှားပြီး နဲနဲကြောက်နေတယ်
...ဒီနေ့လွမ်းရဲ့ပွဲလေး အဆင်ပြေပြေနဲ့ပြီးမှာပါနော် ညှို့ "

" ဒါပေါ့ လွမ်းရဲ့ ကိုယ့်ကိုယုံတယ်မလား ဘာမှစိတ်ပူမနေနဲ့နော်...တစ်ခုခုဖြစ်လာခဲ့ရင်တောင် ကိုယ်ဖြေရှင်းပေးမယ် အလုပ်ကိုအေးဆေးပဲလုပ် ကြားလား လွမ်း "

အချစ်၏ညှို့ငင်မှုနောက်သို့ (Ongoing)Donde viven las historias. Descúbrelo ahora