Ep.13 ညှို့ [Unicode]

1.3K 70 0
                                    

" ဒါနဲ့ငါ့ကိုပြောစရာရှိတယ်ဆို "

" အဲ့တာ... အဲ့တာက "

" ပြောပါဟ ငါသိချင်နေပြီ "

" ဟူး...တကယ်တော့ ငါနဲ့ဝဠာညှို့ငင်ဆိုတဲ့လူနဲ့က ဘာမှမပတ်သတ်ပါဘူး "

" ဟင်!! "

" ဟုတ်တယ် ဝဠာညှို့ငင်ဆိုတာ ငါတစ်ခါလေးတောင် မြင်လဲမြင်ဖူးဘူး ကြားလဲမကြားဖူးဘူး အသက် "

" ဟမ်!အဲ့တာဆို နင်တို့နှစ်ယောက်တွဲနေတယ်ဆိုတဲ့ သတင်းကြီးကဘယ်လိုထွက်လာတာတုန်း "

" အဲ့တာက ဒီလိုဖြစ်သွားတာဟ "

သူတို့နှစ်ယောက်သတင်းက သတင်းထောက်ရဲ့ ကောင်းမှုကနေအစချီပြီး ဖြစ်လာတယ်ဆိုတာ အသက်ကို လွမ်းဖြစ်‌ကြောင်းကုန်စင် အကုန်ပြောပြလိုက်သည်။

" အဲ့တာဆို ဒါတွေအကုန်လုံးကဟိုသတင်းထောက်ကြောင့် ဖြစ်ကုန်တာပေါ့ ဟုတ်လားလွမ်း "

" အင်းဟုတ်တယ်သူ့ကြောင့် "

" ဟဲ့!ဒါဆိုနင့်ရဲ့ချစ်သူဝဠာညှို့ငင်ပါဆိုပြီး စောနကမိတ်ဆက်တဲ့ လူကရော ဘယ်သူလဲသူက "

" သူကငါ့မိတ်ဆွေပါ နာမည်ကညှို့တဲ့ "

" မိတ်ဆွေဆိုပြီး ဘာလို့နင့်ချစ်သူလို့ငါ့ကို ထပြီးမိတ်ဆက်တာလဲ "

" အဲ့တာတော့ ငါ...ငါလဲမသိဘူးလေ "

" ဟဲ့ဟဲ့..နေပါအုံး နင့်မျက်နှာကဘာလို့နီလာတာလဲ လွမ်းရဲ့ "

အသက်ပြောတော့ လွမ်းရှက်ရှက်နဲ့ယောင်ရမ်းပြီးမျက်နှာကို ကိုင်ကြည့်ကာ...

" မနီ...မနီပါဘူးဟာနင်ကလဲ "

" သူကနင့်ချစ်သူပါလို့ လိမ်ပြောနေပေမယ့်၊ သူနင့်ကိုချစ်နေတာတော့ တကယ်နေမှာ "

" မဟုတ်တာတွေ အသက်ကလဲ "

" ဘာလို့မဟုတ်ရမှာလဲ အသိသာကြီးကို သူ့အကြည့်‌တွေမှာ နင့်ကိုချစ်နေတယ်ဆိုတာအရမ်းပေါ်လွင်နေတာကို "

" တော်ပြီဟာ သူ့အကြောင်းမ‌ပြောနဲ့တော့ "

" အမယ်ရှက်နေတယ်ပေါ့ လွမ်းနင်ရောသူ့ကိုစိတ်မဝင်စားဘူးလား "

အချစ်၏ညှို့ငင်မှုနောက်သို့ (Ongoing)Tempat cerita menjadi hidup. Temukan sekarang