Ep.7 ညှို့ [Unicode]

1.8K 108 3
                                    

တိတ်ဆိတ်သွားတဲ့ အခြေအနေကို ဖြိုခွင်းလိုက်သူကတော့ လွမ်းကိုယ်တိုင်ပါပဲ.......

" ကဲပါလေ လွမ်းစကားပြောမှားမိတာနဲ့ တစ်ခါတစ်လေမှ ထမင်းအတူတူ စားပေးတဲ့လူကိုစိတ်ပျက်‌ စေတော့မှာပဲ "

" မဟုတ်တာ လွမ်းရဲ့ရပါတယ် အဲ့တာကိုစိတ်မ‌ကောင်းဖြစ်မနေပါနဲ့၊ ကိုယ်ကငယ်ငယ်လေးကတည်းက အဖေနဲ့သိပ်ပူးပူးကပ်ကပ် မနေခဲ့ရတော့ အဖေဆုံးတာကိုအရမ်းကြီးလဲ မခံစားရပါဘူး။ ဘယ်လိုပြောရမလဲ ကိုယ်ကအရမ်းသွေးအေးတယ်ပဲ ဆိုရ‌မှာပေါ့လေ "

" လွမ်းကမိဘမဲ့ဆိုတော့ ကိုယ်ချစ်တဲ့သူတွေ သေဆုံးသွားတဲ့အခါ ခံစားချက်က ဘယ်လိုလဲဆိုတာ မသိဘူး ညှို့ "

အိမ်အပြင်ဘက်ကို တွေတွေလေးငေးပြီး ပြောနေသူလွမ်းငယ်ရဲ့ စကားတွေက ကိုယ့်ရင်ကိုအစိမ်းလိုက် ခွဲနေသလိုပါပဲကွာ။ ကိုယ်က အမိဆုံအဖဆုံနဲ့  နေနေခဲ့ရတဲ့အချိန်တွေမှာ လွမ်းငယ်က မိဘမဲ့ကျောင်းမှာ အားငယ်မှုတွေကို အဖော်လုပ်နေခဲ့ရတာကိုပေါ့။

" ကိုယ်နားလည်ပါတယ် လွမ်း တကယ်ရပါတယ် "

" နားလည်ပေးတာကျေးဇူးပါ ညှို့ ဒါဆိုလွမ်းတို့ ထမင်းဆက်စားရအောင် စားပြီးမှ အေးဆေးမေးတော့...... "

အေးစက်သွားတဲ့ ထမင်းကြော်လေးကို ကိုယ်စီစားရင်း အတွေးတွေကတော့ ထမင်းဝိုင်းမှာမရှိကြပေ။

" လွမ်း "

" ဟင် "

" ကိုယ့်ကို လွမ်းရဲ့ အရင်းနှီးဆုံးမိတ်ဆွေအဖြစ် လက်ခံပေးပါလား...... ကိုယ်မင်းနဲ့ ဆိုးတိုင်ပင် ကောင်းတိုင်ပင် အဖြစ် မင်းအနားအမြဲရှိချင်လို့ပါ "

" ဘာလဲ ညှို့ လွမ်းကမိဘမဲ့ဆိုလို့ သနားပြီး ပြောနေတာလား ရပါတယ် မလိုပါဘူး "

တကယ်တော့ လွမ်းအတွက်သူငယ်ချင်း ဖြစ်ဖြစ် ၊မိတ်ဆွေဖြစ်ဖြစ် အရမ်းလိုချင်ခဲ့တာပါ။ အခုတော့ အရင်းနှီးဆုံးမိတ်ဆွေတဲ့လား ညှို့ရာ....

" မဟုတ်ဘူး လွမ်း ကိုယ်တကယ်မင်းနဲ့ အရမ်းရင်းနှီးတဲ့မိတ်‌ဆွေ ဖြစ်ချင်တာပါ ကိုယ့်ကိုလက်ခံပေးပါလား "

အချစ်၏ညှို့ငင်မှုနောက်သို့ (Ongoing)Donde viven las historias. Descúbrelo ahora