part_3

1.2K 62 0
                                    

<Unicode>

My whole life belongs to you...
Part_3

"ဟင်"

စူပါမားကပ်တစ်ခုမှာဝက်ဝံရုပ်ဖြူဖြူလေးတစ်ရုပ်ကိုလုယူမိတာယွဲ့ယွဲ့တစ်ဖက်ကလည်းမိန်းကလေးမို့ထင်ပါတယ်အလျော့ပေးပြီးလက်လွှတ်သွားတယ်

"ဪ ကြိုက်လို့လား ရပါတယ်ယူပါဗျာ"

"ဟုတ်ကျေးဇူးနော် "

"ဟုတ်ကဲ့ ရပါတယ်ခင်ဗျ"

"ဟုတ်တခြားဟာလေးယူလေ ယွဲ့ရှင်းပေးပါ့မယ်ကျေးဇူးတင်တဲ့အနေနဲ့ပါ"

"အာ ရပါတယ်ဗျာမဟုတ်တာ"

ရိပေါ်တစ်ယောက်ဒီနေ့မှထူးဆန်းနေလို့ဝမ်ပါးကတော့မျက်စိတစ်ဆုံးလိုက်ကြည့်နေမိတယ် အရင်လိုမဟုတ်ဘဲဒီနေ့မှထူးထူးဆန်းဆန်းအိမ်တွင်းအောင်းနေလို့မနေနိုင်လို့မေးကြည့်မိတော့တယ်

"သားဝမ် ဒီနေ့အပြင်သွားစရာမရှိဘူးလား"

"မရှိဘူးပါး ဒီနေ့သားသူငယ်ချင်းအမေရိကားကကောင်လာမှာမို့လို့အိမ်မှာပဲတွေ့မို့ပါ"

အေးလေသူ့သားက၂၄နာရီလုံးအလုပ်လုပ်တဲ့လူကဒီနေ့ပိတ်ရက်မှာတော့မိုးလင်းကတည်းကဘာမှမလုပ်ဘဲtvကလာနေတဲ့ပန်းချီပြခန်းအကြောင်းကိုထူးထူးဆန်းဆန်းထိုင်ကြည့်နေတာကိုးနာရီဝက်လောက်ကြာတော့ရောက်လာပါပြီသားသူငယ်ချင်းဆိုတဲ့သူ

"ဟေ့ကောင် ရိပေါ် ဒီနေ့မှဘာကြောင့်အိမ်ကိုချိန်းတာလဲ ခါတိုင်းလိုပဲhotelမှာတွေ့တာမဟုတ်ဘူး "

"ရှုးတိုးတိုးနေ"

"ဟမ်"

ဟုတ်တယ်လေရောက်လာတာနဲ့အသံပြဲကြီးနဲ့အော်နေတာtv ကအသံတောင်မကြားရတော့မိနစ်၂၀လောက်နေတော့အစီိအစဉ်ပြီးသွားမှtvပိတ်ကာကျန်းချန်းကိုစကားဆက်ပြောလေတော့သည်

"အိမ်မှာပဲတွေ့ခြင်လို့ပေါ့ကွာ ဘယ်လိုလဲဟိုကကိစ္စအဆင်ပြေလား"

"အေး ပြေတယ် မင်းဒီလထဲအရောက်သွားလိုက်တော့မင်းရမှာကျိန်းသေတယ်ငါကြိုးစားပေးထားတာ"

"အေးပါကွာကျေးဇူးပဲ ညကျရင်တစ်ဝိုင်းစီစဉ်ပေးမယ်"

"အံမယ် ငါ့ကောင်ကြီးကဘယ်ဆိုးလို့လည်း"

My Whole life Belongs To You...{Completed}Where stories live. Discover now