Part_26

615 25 0
                                    

<Unicode>

My Whole life belongs to you...
Part_26

ရိပေါ်တစ်ယောက် အရေးကြီးကိစ္စတစ်ခုကြောင့် ဩဇီကိုသွားရမယ်။ဘာရယ်တော့မဟုတ်ဘူး ဝမ်ချောင်ရဲ့အမှုကိစ္စအတွက်ရော ဩဇီကရုံးခွဲအတွက်ရောကြောင့်မသွားမဖြစ် သွားရပေမည်။

ရှောင်းကျန့်ကတော့ ပန်းချီဆွဲခန်းထဲမှာအချိန်ကုန်နေတယ်။သူဒီပန်းချီကားကိုဆွဲနေတာ ၃ရက်ရှိနေပြီ ရှောင်းမိသားစုရယ် ဝမ်ပါးရယ် သူတို့နှစ်ယောက်ရယ် မိသားစုပန်းချီကားလေးကိုသေသေချာချာ အနုစိပ်ဆွဲနေသည်။ဒီပန်းချီကားကို Wang ကုမ္ပဏီမှာချိတ်ဆွဲထားဖို့အတွက် သေချာလေး အချိန်ယူနေခဲ့ရတာပေါ့။

"ကလေးလေး "

ပန်းချီဆွဲနေတဲ့ရှောင်းကျန့်ကိုယ်လေးကိုနောက်မှနေပြီးသိုင်းဖက်ကာ အနူးညံ့ဆုံးလေသံနဲ့ခေါ်လာသည်။

"လူကြီး ဘာလို့လဲ နေမကောင်းဘူးလား"

"ဟင့်အင်း ကိုယ်ပြောစရာရှိတယ်"

စုတ်တံလေးအသာချပြီး ဝတ်ထားတဲ့အေပရွန်ခါးစီးလေးအားအသာဖြုတ်ပြီး သူ့နေရာနဲ့သူထားကာ ရိပေါ်ဆီပြန်လျှောက်လာတယ်။

"အရေးကိစ္စထင်တယ် "

"အွန်း "

ရှောင်းကျန့် ပခုံးလေးပေါ်ကိုခါးကိုင်းပြီး မေးတင်ကာ ညုတုတုပြောနေတဲ့လူကြီးကြောင့် ရှောင်းကျန့်ငိလိုက်ပါပြီ။

သူ့လူကြီးက ခရီးထွက်ရမယ်ထင်တယ်။

"လူကြီး ခရီးထွက်ရမှာလား"

"ဟင် ကလေးကဘယ်လိုသိ"

"လူကြီးရာ ကလေးကမသိပဲနေမလား အ့မြဲတမ်းအရိပ်တကြည့်ကြည့်နဲ့ကြည့်နေတာလေ ကလေး လူကြီးပုံစံဖြစ်နေတာ ခရီူထွက်ရမှာမဟုတ်လို့ ဘာများဖြစ်အုံးမလဲ"

"အွန်း ကိုယ့်ကလေးလေးက  တော်လိုက်တာ"

သူ့ကလေးလေးက ထင်ထားတာထက်အများကြီး ရင့်ကျက်လာပြီပဲ။ဒါပေမယ့် တစ်ခါတစ်လေ ကလေးဆန်ပြီးအငိုသန်တာလေးက ခုထိပျောက်မသွားသေးဘူး။

"ကလေး လိုက်ခဲ့မလား"

"ဟင့်အင်း လူကြီးသာ အလုပ်ကိစ္စတွေမြန်မြန်ပြီးအောင်လုပ်ခဲ့ ကလေးက နေရာတကာလိုက်နေရင်  Wang CEOရဲ့ အမျိုးသားက ကလေးဆန်တယ်ဆိုပြီးသူများတွေ ပြောကုန်မယ်"

My Whole life Belongs To You...{Completed}Where stories live. Discover now