part_4

1.1K 62 0
                                    

<Unicode>

My whole life belongs to you...
Part_4

"ရိပေါ် မင်းညီလေးအတွက်ဘာမှမဝယ်ဘူးလား"

"ဝယ်ပြီးပြီ ဟိုရောက်မှချန်းလုံလာပို့ပေးမှာ"

"မင်းဟာကလည်းဘယ်လိုလက်ဆောင်မို့အဲ့လောက်ကြီးကျယ်နေတာလဲ"

"ဒီအတိုင်းပါပဲကွာ ကဲကားထွက်လို့ရပြီယွဲ့ယွဲ့ကိုဝင်ခေါ်ရအုံးမယ်"

"အင်း မင်းယွဲ့ယွဲ့နဲ့ဘယ်တော့လက်ထပ်မှာလဲ "

"နောက်၂လနေရင်ပါးကလောနေပြီ ငါကတော့အချစ်မပါတဲ့အိမ်ထောင်ရေးကို မထူထောင်ခြင်ဘူး"

"ယွဲ့ယွဲ့က မင်းကိုချစ်နေတယ်လေအဆင်ပြေမှာပါ"

ရိပေါ်လည်းဘာစကားမှထပ်မပြောဖြစ်ခဲ့ယွဲ့ယွဲ့ကိုဝင်ခေါ်ပြီးကားလေးကရှောင်းကျန့်မွေးနေ့ဆီကိုဦးတည်လာခဲ့တယ်တိတ်ဆိတ်နေတဲ့ကားလေးထဲမှာလည်းတစ်ယောက်အတွေးတစ်မျိုးဆီနဲ့ဆိုတာဘယ်သူသိမှာလဲ....

တစ်နာရီလောက်မောင်းလာတော့ရောက်ပါပြီရှောင်းအိမ်တော်ကိုခြံကျယ်ကြီးထဲမှာ ကျွန်းစားပွဲတွေ၃၀လောက်ရှိမယ် ပြင်ဆင်ထားပုံကလုံးဝအပြတ်စား သေသပ်တဲ့ပန်းပုပညာရှင်တွေနဲ့ထုဆစ်ထားတဲ့လင်းယုန်သစ်သားပန်းပုနှစ်ခုကဧည့်ခံပွဲအဝင်ဝမှာခန့်ညားလှစွာ ရှောင်းအိမ်တော်ဆိုတာမျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့အမွေအနှစ်တွေကိုဒီဧည့်ခံပွဲမှာတွေ့မြင်ရတာသာမန်လူဆိုသွေးပျက်ဖွယ်ရာပါပဲ....

"သားတို့ရောက်လာပြီလား"

"ဟုတ်အန်ကယ် ပါးကခနနေမှလိုက်လာခဲ့ပါ့မယ်တဲ့"

"အေးအေး လာလာသားတို့ ဒီဝိုင်းမှာထိုင်နော်"

ဦးရှောင်းလုံလည်းရိပေါ်တို့ကိုစတိတ်စဉ်ရှေ့ကစားပွဲဝိုင်းလေးမှာနေရာပေးကာတစ်ခြားဧည့်သည်တွေကိုလိုက်ကာဧည့်ခံနေတယ်ရိပေါ်ကတော့တစ်စုံတစ်ယောက်ကိုမျက်လုံးလေးဝေ့ကာရှာပုံတော်ဖွင့်နေလေရဲ့ယွဲ့ယွဲ့စိတ်ထဲမှာတော့လီလီကိုရှာနေတယ်အထင်နဲ့ဖုန်းဆက်ကာသူမတို့ရောက်နေကြောင်းလှမ်းသတိပေးလိုက်တယ်

ခနအကြာမှာတော့...

"ယွဲ့ယွဲ့"

လှည့်ကြည့်လိုက်တော့အနီရောင်ပိုးဖဲသားဂါဝန်ပျော့အိအိလေးဝတ်ကာသူမရဲ့ဆံပင်တွေကိုအခွေလှလှလေးတွေလိမ်ကာတစ်ဖက်တည်းချထားပြီးရဲနေတဲ့နုတ်ခမ်းလေးနဲ့ပြုံးနေပုံကပုရိသတွေအသည်းခြွေရတော့မယ်

My Whole life Belongs To You...{Completed}Where stories live. Discover now