part_22

654 30 0
                                    

<Unicode>

My whole life belongs to you...
Part_22

အဖြူရောင်လီလီပန်းတွေရယ် နှင်းဆီပန်းတွေရယ် ပုဝါဖြူဖြူလေးတွေရယ်ကခန်းမကြီးကိုအသက်ဝင်အောင် ပုံဖော်ဖန်တီးပေးထားတယ်။နှစ်ဖက်မိသားစုအသိုင်းအဝိုင်းကတော့ အပြုံးတွေကိုယ်စီနဲ့ပေါ့။

အနက်ရောင်suitကိုကျနစွာဝတ်ဆင်ကာ ဆံပင်တွေကိုဆီအနည်းငယ်နဲ့လှန်တင်ထားပြီး ခန်းမကြီးအလယ်မှာ ကျေနပ်မှုအပြုံးတွေနဲ့ရပ်နေတဲ့ရိပေါ်တစ်ယောက် သူရဲ့သတို့သားလေးထွက်လာမှာကိုရင်တထိပ်ထိပ်နဲ့ရင်ခုန်စွာ ရပ်စောင့်နေလိုက်တယ်။

"သတို့သားလာပါပြီ..."

အနီရောင်ကောဇောကြီးထက်မှာ သူ့ကလေးလေးကယောက္ခမလောင်းကြီးလက်ကိုချိတ်ကာ သူနဲ့ဆင်တူအနက်ရောင်suitကို သေသေသပ်သပ်ဝတ်ပြီး ရိပေါ်လိုဆံပင်တွေလှန်မတင်ထားဘဲ နဖူးပြင်ရှေ့မှာအုပ်အုပ်လေးကျနေသည်။

"သားရိပေါ် ပါးသားလေးကိုအပ်တယ်နော် ဂရုစိုက်ပေးပါ"

"ဟုတ်ကဲ့ စိတ်ချပါ ပါးကျွန်တော်ကလေးကို ကျွန်တော့်အသက်နဲ့လှဲပြီးကို ကာကွယ်စောင့်ရှောက်မှာပါ"

ယောက္ခထီးလောင်းကြီးဆီကနေ သူ့ကလေးလေးကိုလက်လွှဲယူလိုက်သည်။ကြွရောက်လာကြတဲ့နှစ်ဖက်မိတ်ဆွေတွေကလည်းဒိတ်ဒိတ်ကြဲစီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ကြသည်မို့ မင်္ဂလာပွဲဟာပို၍ကြီးကျယ်နေသည်။အပြစ်တင်စကားပြောခြင်တဲ့လူတစ်ချို့က သတို့သားနှစ်ယောက်ရဲ့စီးပွားရေးနဲ့မလွတ်ကင်းသူတွေမို့ မင်္ဂလာပွဲထဲမှာ ချီးကျူးသံတွေသာပျံနှံလို့နေသည်။

ဖာသာ ရှေ့မှာရပ်နေတဲ့သတို့သားနှစ်ယောက်ကတော့ရင်ခုန်သံတွေတဒုန်းဒုန်းနဲ့ အပြုံးကိုယ်စီ စီခြယ်ထားကြတယ်။

(သာသာ က ခရစ်ယာန်ဘာသာကိုနားမလည်တာမို့ ဒီလောက်ပဲရေးပေးမယ်နော် အမှားပါသွားရင်တစ်ဖက်ကဘာသာကိုစော်ကားသလိုဖြစ်မှာဆိုးလို့ မရေးတော့တာပါ အမှားပါရင်လည်းခွင့်လွှတ်ပေးပါ🙏🙏🙏)

လက်ထပ်လက်စွပ်လေးအပြန်အလှန်ဝတ်ပေးပြီး ချစ်ရတဲ့လူသားလေးကို မြတ်နိုးမှုအပြည့်ပါတဲ့မျက်ဝန်းရွှဲကြီးတွေနဲ့စိုက်ကြည့်နေခဲ့တယ်။

My Whole life Belongs To You...{Completed}Where stories live. Discover now