part_15

698 31 0
                                    

<Unicode>

My whole life belongs to you...
Part_15

ရုံးခန်းထဲမှာ ရိပေါ်လည်း meetingအတွက်ပြင်ဆင်စရာတွေပြင်ဆင်နေသလို ရှောင်းကျန့်ကလည်း ရိပေါ်အတွက်လိုအပ်တဲ့ စာရွက်စာတမ်းတွေစီစဉ်ပေးနေခဲ့တယ်...

"ကလေး meetingခန်းထဲလိုက်မှာလား"

"ဟင့်အင်း မလိုက်တော့ဘူး ခေါင်းနည်းနည်းမူးနေလို့"

"နေသာရဲ့လား ဆေးခန်းသွားရအောင်"

"အဲ့လောက်ကြီးမဟုတ်ပါဘူးဗျာ ညကအိပ်ယာဝင်နောက်ကျလို့ နည်းနည်းလေးပါ"

"အင်းပါ ဒီမှာခနမှေးနေလိုက် ကိုယ်meetingပြီးရင် ကလေးကိုတစ်နေရာခေါ်သွားပေးမယ်နော်"

"ဟုတ်"

ရိပေါ်လည်းသူ့ကလေးလေးကို နားခိုင်းပြီး meetingခန်းထဲဝင်လာခဲ့တယ် သူတို့နှစ်ယောက်တရားဝင်ချစ်သူဖြစ်တာတစ်နှစ်ကျော်ပြီ စိတ်ဆိုးစိတ်ကောက်တာမရှိတဲ့ သူ့ကလေးလေးကိုလည်းအရမ်းအလိုလိုက်တယ် တစ်နှစ်ကျော်ကာလလေးမှာပျော်စရာလေးတွေပြည့်နှက်နေခဲ့တယ်..

ရိပေါ်လည်း၃နာရီလောက် meetingထိုင်ပြီး သူ့ကလေးလေးဆီအမြန်လျှောက်လာလိုက်တယ် အလုပ်စားပွဲပေါ်မှာခေါင်းလေးမှောက်ပြီးအိပ်ပျော်နေတဲ့အကောင်ပေါက်လေးကိုမနှိုးရက်လို့ ထိုင်စောင့်နေလိုက်တယ်

"ဝါး လူကြီးမရောက်သေးဘူးလားမသိဘူး"

"ကလေး"

"အမယ်လေး"

အိပ်ခြင်မူးတူးဖြစ်နေတဲ့ အကောင်ပေါက်လေးကိုရိပေါ်ကိုမြင်မှလန့်သွားတယ်

"လူကြီး ရောက်နေတာကြာပြီလား"

"အွန်း ကြာပြီ"

"မနှိုးလိုက်ဘူး"

"ကလေးပဲအိပ်ရေးပျက်ထားတာဆို ခုရောအိပ်ရေးဝပြီလား"

"ဟုတ် ဘယ်နှစ်နာရီရှိပြီလဲ"

"၂:၃၀ပြီ"

"အာ လူကြီးဗိုက်ဆာနေပြီလား"

"ရပါတယ် ကလေးဆာနေပြီလား လာတစ်ခုခုသွားစားမယ်"

သူ့ကလေးလေးစားခြင်တဲ့ဆိုင်လိုက်ပို့ပေးခဲ့တယ်စားသောက်ပြီးလို့ ကားလေးကတစ်နေရာဆီဦးတည်နေခဲ့တယ် တစ်လမ်းလုံးလည်းသူ့ကလေးလေးလက်ကိုကိုင်ကာ ချစ်စကားတွေတတွတ်တွတ်ပြောလာခဲ့တယ်...

My Whole life Belongs To You...{Completed}Where stories live. Discover now