<Unicode>
My whole life belongs to you...
Part_16"သားဝမ် သတိရလာပြီလား"
"ပါး ကလေးကောဟင် "
"သားဝမ် သားကျန့်လေးပျောက်နေတယ်"
"ကလေးကိုရှာရမယ်လေ ဘာလို့ဒီမှာရှိနေကြတာလဲ"
"သား ရိပေါ် အားကျန့်လေးကိုရှာပေးပါကွယ် မားရင်တွေပူနေပြီ"
"အန်တီ စိတ်မပူနဲ့နော် ကျွန်တော်ရအောင်ရှာပေးမယ် "
သူများကိုသာစိတ်မပူဖို့ပြောနေတာ သူကိုယ်တိုင်ကမီးခဲတစ်မျှပူနေပြီ ဆေးရုံဝန်းထဲကနေပြေးထွက်လာကာ ဘယ်ဆီကိုဦးတည်ရမလဲသူမသိ လီလီနဲ့ဇီရွှမ်းကလည်း ရဲစခန်းမှာလူပျောက်တိုင်ပြီး နီးစပ်ရာအကုန်လိုက်ရှာကြတယ်...
"ကို ရယ် အားကျန့်လေးကဘယ်ကိုများသွားတာလည်း ကလေးဘာမှမဖြစါပါစေနဲ့"
"သိပ်လည်းစိတ်မပူပါနဲ့ လီရယ် အားကျန့်လေးကိုတွေ့မှာပါ ကိုယ်တို့တွေအကုန်လုံးရှာနေတာပဲ"
သူ့မောင်လေးအတွက်စိတ်မအေးနိုင်ဘဲ ပတ်ဝန်းကျင်ကိုသာ အာရုံထားပြီးရှာနေမိတယ်
"ကလေး ရယ် ဘာမှမဖြစ်လိုက်ပါနဲ့ ကိုယ့်ကိုစောင့်နေပေးပါ"
ဆေးရုံမှန်သမျှ ရိပေါ်လည်း ယာဉ်တိုက်မှုနဲ့လူနာရှိသလား တစ်ဆေးရုံပြီးတစ်ဆေးရုံလိုက်မေးနေခဲ့တယ် သူ့အင်္ကျီမှာလည်း ရှောင်းကျန့်ရဲ့သွေးတွေကရဲနေလို့ .....
...................................
"လူကြီး ကလေးတောင်းပန်ပါတယ် "သတိရတစ်ချက်မရတစ်ချက်ဖြစ်ကာ ခန္ဓာကိုယ်ကနာကျင်မှုတွေကြောင့်ဘာမှမလှုပ်နိုင် သတိရလာတိုင်း ရိပေါ်ကိုသာတမ်းတနေမိတယ် ဆရာဝန်တွေသူ့ကိုဘာလုပ်နေကြတာလဲ အောက်ဆီဂျင်ပိုက်နဲ့အသက်ရှုရတာအားမရသလိုဖြစ်နေပြီး တစ်ဆစ်ဆစ်နာတဲ့ဝေဒနာတွေကြောင့်စကားမပြောနိုင်...
"လူနာရှင် "
"ဟုတ်ကဲ့ပြောပါ "
"လူနာ ကမရတော့ဘူး သွေးတွေအရမ်းထွက်နေပြီ အရေးပေါ်သွေးတွေလိုအပ်နေတယ် ခေါင်းပိုင်းကိုအတော်လေးထိထားတယ် ကျွန်တော်တို့မနိုင်ဘူး"
YOU ARE READING
My Whole life Belongs To You...{Completed}
Romansaပထမဆုံးရေးတဲ့ficမို့အမှားပါရင်ခွင့်လွှတ်ပါ🙏 BL fanfic