part_10

1K 41 8
                                    

<Unicode>

My whole life belongs to you...
Part_10

ကျိုးရန်တစ်ယောက် ရှောင်းကျန့်အတွက်အဝတ်အစားပါတစ်ခါတည်းယူလာခဲ့ပြီး ဧည့်ခန်းမှာထိုင်စောင့်နေခဲ့တယ် ...

ရိပေါ်လည်းအစောလာခေါ်မယ်ဆိုတာကြောင့် ရေချိုးရန် အခန်းထဲဝင်လာတော့ ကုတင်ပေါ်မှာကွေးကွေးလေး အိပ်ပျော်နေတဲ့ရှောင်းကျန့် မနိုးရက်သေးတာနဲ့သူအရင်ရေချိုးရန်ဆုံးဖြတ်ပြီးဝင်သွားခဲ့တယ်...ရှောင်းကျန့်လည်းမဖွင့်ခြင်တဲ့မျက်လုံးတွေက်ုအားယူကာ ထလာခဲ့တယ် ကျဲမင်္ဂလာဆောင်လေ နောက်ကျလို့မဖြစ်ဘူး ရေချိုးရန်အဝတ်အစားတွေချွတ်ကာ ဝင်လာခဲ့လိုက်တယ်

အေးအေးဆေးဆေး ရေချိုးရင်းသီချင်းတောင်ညည်းနေသေးတာ အိမ်သာထဲကရိပေါ်ကထွက်ရမှာလားထိုင်နေရမှာလား မသည်းကွဲတော့ဘူး ရှောင်းကျန့်ကိုစောင့်နေရင် မှီမှာမဟုတ်တော့ဘူးဆိုကာ အိမ်သာတံခါးကိုဖွင့်ပြီးအထွက် ဆပ်ပြာမြှုပ်တွေနဲ့တစ်ကိုယ်လုံးတိုက်ကာ ရေပန်းဖွင့်ရန်ဒီဘက်အလှည့် ...

"အား......ကော ဘယ်ချိန်ကတည်းကရောက်နေတာလဲ"

ဆိုကာသူ့ရဲ့ညီငယ်လေးကိုလက်လေးနဲ့ကာရင်းအော်လေသည် ရှက်လွန်းလို့ အဖြူလုံးလေးကနေ နီတာရဲလေးဖြစ်နေလေပြီ ဘာစကားမှမဆိုနိုင်သေးတာရိပေါ်

"ကော သားပြောနေတယ်လေ ဘာလို့ကြည့်နေတာလဲ ဟိုဘက်လှည့်"

"အမ် အင်း ကိုယ်အရင်ရောက်နေတာ ရတယ်ကလေးအရင်ချိုးလိုက်တော့ "

အိမ်သာထဲပြန်ဝင်သွားတဲ့ရိပေါ် ကတော့ ရင်ဘတ်ထဲကုလားဘုရားလှည့်နေတာကိုထိန်းထားရင်း ပြုံးမိသေးတယ် ရှောင်းကျန့်လည်းရေအမြန်ချိုးကာအပြင်ထွက်လာခဲ့လိုက်တော့တယ်...

"ဦးကျိုးရန် သွားရအောင်လေ"

"ဟင် သူဌေးလေးရိပေါ်ကိုစောင့်ရအုံးမှာ"

"မစောင့်နဲ့တော့ သူ့ဘာသာလိုက်လာလိမ့်မယ်"

ရှောင်းကျန့်လည်း ကားထဲဝင်ထိုင်နေလိုက်တယ်ကျိုးရန်တစ်ယောက် ဘယ်လိုလုပ်ရပါ့မလဲ ရိပေါ်ပါခေါ်ခဲ့ဖို့မှာလိုက်တာကို ရှောင်းကျန့်အားရှင်းပြရန်ကားပေါ်တတ်လိုက်ပြီး တစ်ဖက်ကရိပေါ်လည်းရှောင်းကျန့်ဘေးမှာဝင်ထိုင်လိုက်သည်

My Whole life Belongs To You...{Completed}Where stories live. Discover now