part_20

705 30 0
                                    

<Unicode>

My whole life belongs to you...
Part_20

ပြတင်းတံခါးကိုဖြတ်ကာ နေရောင်ခြည်စူးစူးလေးက မွေ့ယာပေါ်အိပ်စက်နေတဲ့လူသားနှစ်ယောက်ဆီသို့ ဖြန့်ကျက်လာတယ် ...
ရိပေါ်လည်း နေထိုးလာသောကြောင့် နိုးလာခဲ့တယ်ရင်ခွင်ထဲကအကောင်ပေါက်လေးသူ့ရင်ခွင်ထဲတိုးလို့အိပ်ပျော်နေတုန်း မျက်နှာလေးနေထိုးမှာစိုးတာကြောင့် လက်ကလေးနဲ့ကာပေးထားပြီး ချစ်ရသူလေးမျက်နှာအနှံ့အနမ်းမိုးတွေချွေချနေတာဘယ်နှစ်ကြိမ်မှန်းမသိဘူး....

"ကော "

"ကလေး နိုးလာပြီလား"

ရိပေါ်ကရေချိုးပြီးလို့ အဝတ်စားလှဲနေတုန်း သူ့ရဲ့အကောင်ပေါက်လေးက ခေါ်လိုက်ခြင်းပင်

"ရေချိုးပြီးပြီပေါ့"

"အွန်း ကိုယ့်ကလေးလေးအတွက်ကိုယ်ရေစပ်ပေးထားတယ် ထတော့နော်"

"ဟုတ်"

"လိမ်မာလိုက်တာ"

ဘီရိုထဲက အဝတ်တစ်စုံကိုယူကာ သူ့ကလေးလေးအတွက်ပြင်ဆင်ပေးပြီး ရိပေါ်လည်း အင်္ကျီဝတ်ရန် bathrobe ချွတ်ချလိုက်ချိန် ဗိုက်ကအဖုအထစ်တွေနဲ့ကျစ်လစ်တဲ့bodyကို seanတစ်ယောက်မြင်တဲ့ခါ

"အား...လူယုတ်မာ အခန်းထဲသွားဝတ်ပါ့လား"

မျက်နှာလေးကိုလက်နဲ့ကာ ကာအော်ပြောနေသောအကောင်ပေါက်လေးကြောင့် ရိပေါ်လည်းစခြင်စိတ်နဲ့ခြေသံမကြားအောင် သူ့ကလေးနောက်ကျောဘက်မှာရပ်နေလိုက်တယ် အသံမကြားလို့လက်လေးဖယ်ကြည့်ချိန် ရိပေါ်ကိုမတွေ့တာကြောင့် သက်ပြင်းချကာကုတင်ပေါ်ကဆင်းရန် နောက်လှည့်ချိန်မှာတော့

"အင့်"

ဗိုက်မှာရှိတဲ့ကြွက်သားမြောင်းကြီးတွေနဲ့ဝင်တိုက်မိတဲ့sean ရုတ်တရက်ဆိုသလို ထိုအဖုအထစ်ကြီးတွေငေးနေမိတယ်...

"ကြည့်လို့ဝပြီလား"

"အမ်"

ရိပေါ်ပြောလာမှ seanလည်းမျက်နှာလေးပန်းဆီရောင်သမ်းကာ နားရွက်ဖျားတွေထိရဲတတ်လာပြီးအရှက်ပိုရသေးသည် ဟုတ်ပါသည် သူလည်းယောကျာ်းတစ်ယောက်မလား သူ့မှာကျ အဲ့လိုအဖုအထစ်တွေရှိနေမပဲ ပြားချပ်ချပ်ဗိုက်ကလေးတစ်ခုသာပိုင်ဆိုင်ထားသည် မနာလိုစရာကောင်းလိုက်တာ...

My Whole life Belongs To You...{Completed}Where stories live. Discover now