နေ့စဥ်ကြုံတွေ့နေရတဲ့ အရာသေးသေးလေးတွေကစလို့ ချစ်ခြင်းမေတ္တာအဆုံးထိ.. အရာရာဟာ Timing ကိုက်နေဖို့ လိုပါတယ်။
ကိုယ်အလိုအပ်ဆုံးအချိန်မှာ ရလိုက်တာနဲ့ မလိုတော့တဲ့အချိန်မှ ရလာတဲ့အရာတွေဟာ ခံစားချက်ခြင်းတော့ ဘယ်တူနိုင်ပါ့မလဲ။
သိပ်ပင်ပန်းနေတဲ့အချိန်မှာ ကော်ဖီပူပူလေးတစ်ခွက် သောက်လိုက်ရတာမျိုး..
ကိုယ်စားချင်နေတဲ့ အစားအစာတစ်ခုကို အချိန်ကိုက်စားခွင့်ရလိုက်တာမျိုး..
ပြောရရင်..အရာရာ ခုန်ချပစ်ချင်စရာ ဖြစ်နေချိန်မှာ
အညိုရောင် လက်ကလေးတစ်စုံကတော့ ကိုယ့်ဆီ အချိန်ကိုက် ကမ်းလာတာမျိုးပေါ့🤎တကယ်တော့ အချစ်ဆိုတာ သူပို့လာတဲ့ စာအိတ်ညိုညိုလေးတွေ ဖြစ်နိုင်သလို၊ ကိုရှိတယ်နော် ဆိုတဲ့ အသံချိုချိုလေးလည်း ဖြစ်နိုင်ပါတယ်။
အချစ်ရေ..လူနှစ်ဦးရဲ့ ချစ်ခြင်းဟာ နီးခြင်းဝေးခြင်းတွေမှ မဟုတ်ပဲကွယ်။ တစ်ယောက်ကွက်လပ်မှာ နောက်တစ်ယောက်က ဘယ်လောက်ထိ ဖြည့်ပေးနိုင်သလဲဆိုတာနဲ့ တိုင်းတာရတာမဟုတ်လား..။
YOU ARE READING
My .... ? [ Complete ]
FanfictionSeme _ Xiao Zhan UKe _ Yibo ပုံပြင်ပဲပြောပြော တရားပဲဟောဟော မင်းလေးပြောတာဆို မုသားလည်းယုံပါတယ် ။ Xiao Zhan ငြိုငြင်မှုမရှိတဲ့ ရင်ခွင်ထဲမှာ နှစ်တွေအကြာကြီး ဆိုးချင်တိုင်းဆိုးချင်ပါတယ် ။ Yibo start date - 27.1.2022 Ending dat...