// 13//

1.4K 50 2
                                    

ဆေးရုံရောက်တော့ အားရီပြောပြပုံအရ ရိပေါ်ကအစာအိမ်ရောင်နေတာကြောင့်အိပ်ယာထဲလဲနေခဲ့တာတဲ့ ခုလည်းမျက်နှာထသစ်မယ်ဆိုပြီးပြောလို့ အားရီက အဝတ်စားလဲမို့ အဝတ်သွားထုတ်တုန်းအသံကြားတော့ ရေချိုးခန်းထဲမှာလဲနေတယ်တဲ့လေ

ရှောင်းကျန့်အခန်းထဲမ‌ရောက်ခင် အခန်းရှေ့မှာ ဝမ်မားရောပါးပါရောက်နေတယ် ဝမ်မားကတော့သူ့ကိုမျက်နှာချင်းဆုံအောင်မကြည့်ပါဘူး ကျနော်လည်းမသိချင်ယောင်ဆောင်ပေးခဲ့ပါတယ် ဝမ်ပါးကတော့ကျနော့်ကို ရိပေါ်ကိုဂရုစိုက်ပေးဖို့နဲ့ အလုပ်ပိုမိသွားရင်တောင်းပန်ပါတယ်ဆိုပြီး တောင်းပန်သေးတယ်

* ကျနော်အခန်းထဲဝင်လိုက်ပါအုံးမယ် * ဂရုစိုက်ပြီးပြန်ကျပါ ပြီးတော့ အားရီ ကျနော် ဦးလေးကောင်းကိုလာခေါ်ခိုင်းထားတယ်ပြန်လိုက်ပါ ကျနော် ရိပေါ်အနားမှာနေပေးလိုက်ပါမယ် အားလုံးကို အရိုသေးပေးပြီးအခန်းထဲဝင်ခဲ့တယ်

အခန်းထဲဝင်တော့ သွေးသွင်းထားလို့အိပ်နေထဲ ကလေးကယောက်ရှိနေတယ်လေ ပိန်လည်းပိန်သွားပါတယ် ပြီးတော့လဲကျသွားတဲ့အချိန်မှာခိုက်မိပြီး ခြေထောက်အဆစ်လွဲသွားတာကြောင့် ခြေထောက်မှာလည်းပတ်တီးတွေနဲ့လေ

ကျနော်ကြောင့်လာ ? ကျနော်ပစ်ထားမိလို့လား ? အတွေးတွေကကျနော်ကို နာကျင်စေပါတယ်

__မင်းရဲ့ အရာအားလုံးကို ကို့ကိုပေးလိုက်ပါ

ကို့ရဲ့ အရာအားလုံးကိုလဲ မင်းကိုပေးတယ်___ ဆိုတာမင်းသိရဲ့သားနဲ့ကွာ

ရိပေါ်နိုးလာတော့ ကိုက ဘေးကမှာအိပ်နေတယ်လေ နာရီလှမ်းကြည့်မိလိုက်တော့ ည 2: 35 တဲ့ သူဗိုက်အောင့်သလိုလို ဗိုက်ဆာသလိုလိုနဲ့ဖြစ်နေတယ် သူလက်ကိုကိုင်ထားတဲ့ ကိုက သူလှုပ်နေတော့ နိုးလာခဲ့တယ်လေ

* ဘယ်နား နာလို့လဲ ...ဒေါက်တာသွားခေါ်ပေးရမလား *

* ဟို --- ကျနော် ဗိုက်ဆာတယ် ပြီးတော့အောင့်လည်းအောင့်တယ် * ပြောပြီးမျက်ရည်တွေဝဲနေပါတယ်

အင်းအင်း ... မငိုရဘူးဆိုပြီး ကျနော်ကို ကိုကဖတ်ထားပေးတယ် ကျနော်ပျော်မိပါတယ် ဒါမယ့်အရင်လိုလေပြန်နေရရင်ကောင်းမှာပဲလိုတွေးမိသွားတော့ ဝမ်းနည်းရပြန်တယ်

My .... ? [ Complete ]Where stories live. Discover now