//1//

6.6K 220 0
                                    

ကျန့် မင်း တကယ်လက်ခံလိုက်ပြီလား-

*မသိဘူးကွာ *

မင်းစကားကို လွယ်လွယ်မပြောနဲ့ဟာ ဟိုက ကလေးသာသာနော် မင်းနဲ့လည်း 6နှစ်ကွာတယ် မင်းလက်မခံနိုင်ရင်တခါထဲငြင်း‌လိုက်လေ-

*မင်းကလည်း ဇွတ်ကွာ ငါဒီမှာအလုပ်လုပ်နေတယ်လေ*

နောက်မှလုပ်စမ်းပါ မင်းဆန္ဒကိုငါသိချင်တယ် -

*ငါလက်စသတ်လိုက်အုံးမယ် ခနစောင့်*

ဈေးကိုင်လိုက်တဲ့ကောင်ဆိုပြီး ကျင်းလင် စိတ်ထဲမှာပြောပြီး ရှောင်းကျန့်ပြောသလိုစောင့်နေရတာပါပဲ 😅

ရှောင်းကျန့်ကသူရဲ့ငယ်သူငယ်ချင်း အခုအလုပ်ရှင်ပေါ့ လူတိုင်းသိသလိုမာနကြီးတယ် အလုပ်နဲ့ပတ်သတ်လာရင်အမှားမခံတဲ့အလုပ်သရဲတစ်ယောက်ပေါ့ ။ခုထိ ကောင်မလေးမရှိ တာကတော့ မရတာမဟုတ်ဘူးနော် သူကိုကအရွေးလွန်နေတာ ။ ရှောင်းဖွားဖွားကတွေ့ပေးတဲ့ မိန်းကလေးတိုင်းကိုပတ်ပြေးတယ် တခါတခါဆို ကျနော်ကသွားတွေ့ပေးရသေး မချစ်တတ်ဘူးလားဆိုတော့လည်းမဟုတ်ဘူးလေ အလုပ်တွေနဲ့အချိန်မပေးနိုင်သေးလို့တဲ့ တကယ်တော့သူကိုယ်တိုင်မချစ်ချင်တာပါ။ ခုလည်းရှောင်းဖွားဖွား ကခါတိုင်းလိုတွေ့ရမယ့်ကောင်မလေးမဟုတ်ပဲ လက်ထပ်ကမယ်ဆိုတော့ ငကျန့် စိတ်ရှုပ်နေပါပြီ ။ ကျနော်ကသာပြောနေတာပါ ငကျန့်ကအလုပ်လုပ်နေတာ သူမဟုတ်သလိုပဲ ။

မင်း မပြီးတော့ဘူးလား -

*အခုက ကုမ္ပဏီ ထဲမှာနော် ငါကမင်းအလုပ်ရှင်ဆိုတာမမေ့နဲ့ *

အော် ဟုကဲ့ Wang Group CEO Xiaozhan ရေ ငါအိမ်ပြန်ရအုံးမှာမို့ ပြောပြပါတော့-

ရှောင်းကျန့် ရီနေပါပြီ ကျင်းလင် ကကျောင်းတတ်တုန်းကရောအခုပါ သူ့တွက်အယုံကြည်ရဆုံးနဲ့ရင်ဖွင့်စကားတွေကိုလုံခြုံအောင်သိမ်းထားပေးနိုင်တဲ့လူတစ်ယောက်ပါ ။ ခုလည်းကျနော်အတွက် စိတ်ပူပေးနေတာကျနော်သိ‌ပါတယ် ....

*ငါတွေ့ချင်တယ် အဲ့ ချာတိတ် ကို *

ဘယ်လို!!! တွေ့ချင်တယ် -

*အင်း* အရင်က ဖွားက မိန်းကလေးတွေနဲ့ဆုံခိုင်းနေကျလေ ဆုံလိုက်တိုင်းတွေ့ရတဲ့ မိန်းကလေးတိုင်းကတကယ်လှပါတယ်  ခုတစ်ခါက ဝမ်အိမ်တော်ရဲ့ သားငယ်နဲ့တွေ့ဆုံခိုင်းတယ်ဆိုတော့ ဘာတွေထူးခြားနေလို့လဲပေါ့

မင်းကတကယ် ယောကျာ်းလေးတစ်ယောက်ကိုလက်ထပ်မှာလား ပြီးတော့ မင်းရိုးတော့ရိုးပါတယ်နော် ငကျန့်-

* ကျင်းလင် မင်းနာချင်လို့လား * 😅

မသိဘူးလေကွာ -

*တော်တော် ငါအလုပ်ပြန်လုပ်တော့*

စတာပါကွာ ပြောပြော-

* မပြောသေးဘူးလေ ငါလည်းမတွေ့ဖူးသေးဘူးတော့ .....* မင်းကလည်းတော်တော်စပ်စုတယ်ကွာ

ဖြစ်ကတယ် -

*သွားတော့ အလုပ်သွားလုပ်တော့*

_____________________

ဝမ်ဖွားဖွား ညွှန်းလွန်းတဲ့ထိုကလေးကိုသူတွေ့ချင်မိနေတဲ့သူရဲ့ စိတ်က ရှောင်ရှောင်းကျန့် ရဲ့type ဟုတ်မနေဘူးလေ

* အားကျန့် လာအုံး * မနက်ဖြန် ဝမ်အိမ်တော်သွားရမယ်နော် ဝမ်လေး ခရီးပြန်ရောက်နေပြီပြောတယ်

* ကျနော် .... *

* ဘာလည်းငြင်းမလို့လား ငါ့ကိုစိတ်ချမ်းသာအောင်မထားတော့ဘူးလား ပြောပါအုံး*

* မနက်သွားမယ့်ချိန်ပြောပါ *

   ရှောင်းကျန့် ခုလိုပြောမှ ရှောင်း ဖွားဖွားကပြုံးပြီ မနက် 9: 00 လောက်သွားမှာမို့ ကုမ္ပဏီကိုညထဲကလိုအပ်တာမှာထားမို့ပြောပါတယ်

နောက်နေ့မနက်မှာတော့ ကျနော်နဲ့ ဖွားရှောင် ဝမ်အိမ်တော်သို့သွားခဲ့တယ်

ကြားဖူးသလောက် ဝမ်အိမ်တော့ကခမ်းနားလှပါတယ် ဝမ်အိမ်တော်ရဲ့သားကြီး ဝမ်ဝူကျင်းနဲ့တော့ ဧည့်ခန်းပွဲ တွေမှာဆုံဖူးကျပါတယ် ။ သိပ့်အရင်းနှီးကြီးတော့မဟုတ်ပါဘူး

စကားလက်ဆုံကျနေတုန်းမှာအပေါ်ထပ်ကနေ ဆင်းလာတဲ့ ပေါက်စီလုံးလေးက ချစ်စရာကောင်းလိုက်တာ  ကျနော် အလှအပကိုခံစားတတ်တဲ့လူတစ်ယောက်ပါ ဒါမယ့် ဒီချစ်စရာကောင်းတဲ့ပေါက်စီလုံးလေးကိုတော့ သူပိုင်ဆိုင်ချင်မိပါတယ်

*ဝမ်လေး လာလေ ရှောင်ဖွားဖွားက စောင့်နေတာကြာပြီ*

*တောင်းပန်ပါတယ်နော် ကျနော် အိပ်ယာထနောက်ကျသွားလို့ပါ*

ရပါတယ် မေရီ ရယ် ကလေးက ညဆို စာဖတ်နေရတာဆိုတော့ နားလည်ပေးရမှာပေါ့.....

CEO Xiao ကတော့ ဆုံဖြစ်နေကျဆိုပေမယ့်ခုမှပဲသေချာတွေ့ဖူးတော့တယ် တကယ်လူချောပဲ လိုအပ်တာရှိရင်ပြောနော် ဝူကျင်းကိုပြောလည်းရတယ်

*ဟုကဲ့ အန်ကယ် * ကျေးဇူးပါ

ရိပေါ် ကတော့ ရှောင်းကျန့်ကို ကြည့်ပြီး ပြုံးပြလိုက်ပါတယ်

Part .2 Look up

သာသာ အခုမှစရေးမှာမို့ ဝေဖန်အကြံပြုပေး ကျပါအုံးနော် 🙆


My .... ? [ Complete ]Where stories live. Discover now