//11//

1.2K 52 2
                                    

ဘာကိုလဲ * ကို * ?

'' မင်းကို ဘယ်တုန်းကမှမထိခိုက်စေချင်ခဲ့ဘူး သိရဲ့လား ဟင် ''

ဟမ်... ဘယ်တုန်းကမှတဲ့လား... ဘာဖြစ်လို့လဲ ... ရိပေါ်  ပြန်မေးတယ်

'' အင်းပေါ့... မင်းက ဘယ်လောက်ပဲအပြင်ပန်းမှာ သန်မာနေပါစေ၊ သန်မာချင်နေယောင်ဆောင်နေပါစေ ... မင်းရဲ့အတွင်းစိတ်လေးနူးညံ့တာ ကိုယ်အသိဆုံးပဲ... အရမ်းကိုသန်မာပါတယ်ဆိုတဲ့ကိုယ်တောင်မှ မင်း ရည်ရွယ်ပြီးဖြစ်ဖြစ် မရည်ရွယ်ပဲဖြစ်ဖြစ် လုပ်ရပ်တစ်ခုခုလုပ်လိုက်တဲ့အခါ ကိုယ်ဘယ်လိုနာကျင်ရလဲဆိုတာ ကိုယ်ပဲသိတယ်...အဲ့တော့.... ''

'' ကိုယ် မင်းကိုအရမ်းချစ်တယ်ဆိုတာ မင်းသိပြီးသားပါ...ကိုယ်ချစ်တဲ့လူတစ်ယောက်ကို ဘယ်လိုကိစ္စရပ်ကြောင့်နဲ့မှမနာကျင်စေချင်ဘူး၊ တစ်ခြားသူတွေအတွက်နဲ့ မင်းစိတ်ထိခိုက်ရတဲ့အခါ ကိုယ့်မှာရင်ပူရသလို ကိုယ့်ကမ္ဘာတစ်ခြမ်းအမှောင်ကျနေသလိုပါပဲ...မင်းအစား ကိုယ်ပဲဖြစ်ပေးလိုက်ချင်တယ်..မင်းအစား ကိုယ်ပဲထိခိုက်ပေးလိုက်ချင်တယ်...မင်းနာကျင်ရတဲ့အတိုင်းအဆအတိုင်း ကိုယ်ခံစားရတယ်ဆိုရင်တောင် မင်းနာကျင်နေတာကိုဘေးကနေကြည့်ပြီး နာကျင်ခံစားရတာထက် ပိုနေလို့ကောင်းပါတယ်.... မင်း သိတယ်မလား ''

* ကို သိသွားတာလားဟင် *

* မင်းရက်စက်တယ် ရိပေါ် ... မင်းသိပ့်ရက်စက်တယ် * ငါ့နေရာမှာခနလောက်ဝင်နေကြည့်ပါလားကွာ မင်းအဲ့ဒါကိုမလုပ်ခင်မှာ !!!

* ကို * ကျနော်တောင်းပန်ပါတယ်နော် ကျနော်မှားမှန်းလည်းသိပါတယ်ပြီးတော့ ကျနော်နောင်တ .....

*နောင်တ * နောင်တတဲ့ လားရိပေါ် မင်းလုပ်ချင်တာလုပ်ပြီးမှ နောင်တလို့လာမပြောနဲ့ ဘာလဲမင်းကငါသိပ့်ချစ်တာသိလို့ငါ့ကိုစောက်ရူးလို့သတ်မှတ်ထားတာလားပြောလေ ပြော!!!

*ငါသိပ့်ချစ်ပြလို့တန်ဖိုးမဲ့နေတာလားပြော!!!*

သူပြောနေချိန် အိမ်ထဲပြေးဝင်သွားတဲ့အရိပ်လေးကို ကြည့်ပြီးသူ တကယ်နာကျင်မိပါတယ် ရက်စက်တယ်ရိပေါ် တကယ်ကိုရက်စက်တယ်

My .... ? [ Complete ]Where stories live. Discover now