// Final //

3.1K 65 1
                                    

ကျေးဇူးတင်ပါတယ် ဝမ် 💚

နေရောင်ခြည်နဲ့ ထိတွေ့ခွင့်ရနေတဲ့ မနက်တိုင်းအတွက်ရော..
ကော်ဖီတစ်ခွက်နဲ့ နွေးစေတဲ့ အချိန်တိုင်းအတွက်ရော..
မင်းနဲ့ ရှိနေရတဲ့ နေ့ရက်တိုင်းအတွက်ရော..
အရာရာကို ကျေးဇူးတင်ပါတယ် ကိုယ်အချစ် .....

ကိုယ်တို့ရဲ့ နေ့ရက်တိုင်းမှာ ဘာမှမဟုတ်ဘူးလို့ ထင်ရတဲ့ အရာသေးသေးလေးတွေကစလို့ အသက်ရှူခွင့် ရနေသေးတာအဆုံးထိ မင်းအနားမှာရှိနေပေးတာကျေးဇူးတင်ပါတယ်...

တချို့ပျော်ရွှင်ခြင်းတွေက ငွေတွေ၊ အချိန်တွေ၊ သူစိမ်းတွေဆီက မဟုတ်ပဲ ကိုယ့်ရဲ့ အတွင်းစိတ်လေးတစ်ခုကနေသာ ဖန်တီးယူရတာမျိုး ဖြစ်ပါ ဝမ်ငယ် .....

ဒါကြောင့် မဖြစ်နေလုပ်ရမယ့်အရာတွေ၊ မလွှဲမသွေ ကြုံနေရမယ့် ကာလတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ဖို့ ကိုယ့်အနားမှာ မင်းရှိနေမှဖြစ်မယ် ဝမ်ရယ်.......

__Happy Anniversary ပါကိုယ်အချစ်လို့ပြောပြီး ရိပေါ်ပါးလေးကိုနမ်းလိုက်တယ်လေ __

* ကိုယ်တို့ ဒီနှစ်နွေအားလပ်ရက်ဘယ်သွားကျမလဲ စဉ်းစားထားတာရှိလား *

* တိုးတိုးပြောပါ ကိုကလည်းကလေးတွေအိပ်နေပြီ လေ *

* ခုနက ကို ပြောပြနေတာကျ မကျယ်ဘူးလားအသံက *

* ကိုနော်စကားနာလာမထိုးနဲ့ စိတ်ကောက်လိုက်မယ်    ဒီလိုနေ့မှာစိတ်မကောက်ချင်ဘူးနော် *

* ကိုယ်ကစတာပါဗျာ  * လာပါအုံးကိုယ့်အချစ်ကိုဖတ်အိပ်မယ်နော်

* အခန်းပြန်မယ်လေ ကလေးတွေလည်းအခန်းပြန်ပို့ရအုံးမယ် * အခန်းထဲရောက်တော့ဖတ်နော်လိမ်မာတယ် ကျနော်အမျိုးသားက

ကလေးတွေအခန်းမှာသေချာသိပ့်ပေးပြီးကျနော်တို့လည်းအခန်းထဲ ဝင်ခန်းတယ်လေ

* ကို *

* ဗျာ *

* ဒီနှစ်‌နွေ ကျနော်သွားချင်တာရှိတယ် *

* အင်းပြောလေ ဘယ်သွားချင်လို့လဲ ကလေးက *

* ဆွစ်ဇလန် လေ *

* အင်းးးးးး မဆိုးဘူးနော် ကိုယ်လည်းပြန်သွားချင်နေတာ *

* သွားကြမယ်လေ ဒီကြားထဲကိုယ်လည်းအလုပ်တွေလက်စသက်ထားမယ် ကလေးလည်းအလုပ်တွေနားထားတော့ သားသားနဲ့မီးမီးကိုအချိန်များများပေးကျမယ်လေ *

You've reached the end of published parts.

⏰ Last updated: Feb 03, 2022 ⏰

Add this story to your Library to get notified about new parts!

My .... ? [ Complete ]Where stories live. Discover now