//3//

3.5K 135 0
                                    

*အားဝမ်* တကယ် မားတို့နဲ့နေနော် မားသားငယ်လေးကို မားစိတ်မချလို့ပါ မားမခွဲနိုင်ဘူး🥺

ရိပေါ် နားမလည်တော့ပါ မားဘာကိုပြောနေမှန်း *ကို *ကတော့ ကျနော်ကျောကိုနောက်ကပတ်ပေးနေတယ်လေ

*မား * ဘာတွေပြောနေတာလဲ သားနားလည်အောင် ပြောပါမားရယ်

*သားငယ်လေး ကလက်ထပ်ပြီးရင် အိမ်ခွဲနေကျရမယ်ဆို*

ဟင် !

ဝမ်ပါးက ဝင်ပြောရပြီလေ ရှောင်းကျန့်လည်းရှိနေတော့ အားနာစရာတွေဖြစ်ကုန်ပြီလေ ဘာမှမသိတဲ့ ဝမ်လေးကတော့ သူ့မားကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေရတယ်

* ဒီလို ဝမ်လေး ပါးစီစဉ်လိုက်တာပါ အိမ်ထောင်ကျပြီးရင် အိမ်ခွဲနေတာအကောင်းဆုံးပဲလေ ပြီးတော့ ဝမ်လေး အားရီ ရှင်းနဲ့ဦးလေး ကိုလည်းထည့်ပေးလိုက်မှာပါ ဝမ်လေးက စာတမ်းပြုစုနေရတာဆိုတော့ အိမ်အလုပ်တွေတွက် ရှင်းမေ ကလုပ်ပေးလိမ့်မယ်လေ ခြံအတွက်က ဦးကောင်းရှိတယ်လေ *

* ရှင်မတရားမလုပ်နဲ့နော် ကျမသားငယ်လေးကိုမခွဲနိုင်ဘူး * ဝမ်မားကို ဝမ်ပါးစိတ်တိုနေပါပြီ ကလေးကိုဝမ်းနည်အောင်လုပ်နေလို့လေ သမက်ဖြစ်သူရဲ့ တောင်းဆိုမှုကြောင့် အိမ်ခွဲနေခိုင်းရပေမယ့် သားငယ်လေးကို သူလည်းဘယ်ခွဲနိုင်ပမလဲ

* မင်း ကလေးကို စိတ်ညစ်အောင်လုပ်နေပြီကွာ လာသွားမယ် * မားကိုအတင်းခေါ်ပြီးအိမ်ပေါ်တတ်သွားပါတယ်

ကျနော် ဝမ်းနည်းပါတယ် ခရီးသွားချိန်တောင်အမြဲလိုက်ပြီးစိတ်မချဘူး ဖြစ်နေတဲ့ မားက ခုလိုအိမ်ခွဲနေမယ်ဆိုတော့ ဝမ်း‌နည်းနေရှာပြီလေ

* ကို *

* အင်းအင်း ကို ရှိတယ်နော် * စိတ်မကောင်းမဖြစ်ပါနဲ့အားလုံးအဆင်ပြေသွားလိမ့်မယ်နော် လာကိုဖတ်ထားပေးမယ် မငိုရတော့ဘူးနော် * ကြည့်ပါအုံးကိုယ့်အချစ်ကအသည်းငယ်လိုက်တာကွာ * ခေါင်းလေးကိုလည်းနမ်းလိုက်ပါသေးသည်

သူ့ဘေးမှာ ဒီလူကြီးရှိနေရင် လုံခြုံလာသလို အားကိုးချင်စိတ်တွေလည်းဖြစ်လာပါတယ် ဒီလူကြီးကပြုစားလွန်းတော့ ကျနော် ရူးရပြန်ပါတယ်လေ

My .... ? [ Complete ]Where stories live. Discover now