Introduction

7K 214 2
                                    

  နေ့စဥ်ကြုံတွေ့နေရတဲ့ အရာသေးသေးလေးတွေကစလို့ ချစ်ခြင်းမေတ္တာအဆုံးထိ.. အရာရာဟာ Timing ကိုက်နေဖို့ လိုပါတယ်။

ကိုယ်အလိုအပ်ဆုံးအချိန်မှာ ရလိုက်တာနဲ့ မလိုတော့တဲ့အချိန်မှ ရလာတဲ့အရာတွေဟာ ခံစားချက်ခြင်းတော့ ဘယ်တူနိုင်ပါ့မလဲ။

သိပ်ပင်ပန်းနေတဲ့အချိန်မှာ ကော်ဖီပူပူလေးတစ်ခွက် သောက်လိုက်ရတာမျိုး..
ကိုယ်စားချင်နေတဲ့ အစားအစာတစ်ခုကို အချိန်ကိုက်စားခွင့်ရလိုက်တာမျိုး..
ပြောရရင်..အရာရာ ခုန်ချပစ်ချင်စရာ ဖြစ်နေချိန်မှာ
အညိုရောင် လက်ကလေးတစ်စုံကတော့ ကိုယ့်ဆီ အချိန်ကိုက် ကမ်းလာတာမျိုးပေါ့🤎

တကယ်တော့ အချစ်ဆိုတာ သူပို့လာတဲ့ စာအိတ်ညိုညိုလေးတွေ ဖြစ်နိုင်သလို၊ ကိုရှိတယ်နော် ဆိုတဲ့ အသံချိုချိုလေးလည်း ဖြစ်နိုင်ပါတယ်။

အချစ်ရေ..လူနှစ်ဦးရဲ့ ချစ်ခြင်းဟာ နီးခြင်းဝေးခြင်းတွေမှ မဟုတ်ပဲကွယ်။ တစ်ယောက်ကွက်လပ်မှာ နောက်တစ်ယောက်က ဘယ်လောက်ထိ ဖြည့်ပေးနိုင်သလဲဆိုတာနဲ့ တိုင်းတာရတာမဟုတ်လား..။


My .... ? [ Complete ]Where stories live. Discover now