//20//

1.2K 41 0
                                    

အစွဲအလမ်းသိပ်မကြီးဘူး မင်းတစ်ယောက်ကိုတော့
ထာဝရပိုင်ဆိုင်ချင်တယ် 🙆

* အားရီ မနက်စာပြင်ပြီးပြီလား *

* ပြီးပြီ အားကျန့်  ... အားကျန့်ပြောသလို နွားနို့ရယ် ကြက်ဥနှစ်လုံးရယ်ပေါင်မုန့်မီးကင် စတော်ဘယ်ရီရယ် ကျန်တာတွေကတော့ပုံမှန်စားနေကျတွေအကုန်လုပ်ပေးထားတယ် *

*‌ရှဲရှဲအားရီ ကျနော်ကလေးကိုသွားနှိုးလိုက်အုံးမယ်နော် *

အခန်းထဲမှာအိပ်နေတဲ့ ကလေးပေါက်စကစောင်ပုံထဲအိပ်နေတာ တကယ့်ကလေးလေးအတိုင်းပါပဲ စာအုပ်တွေမဖတ်ရတော့ဘူးဆိုလို့ညကစိတ်ကောက်သေးတယ်လေ ကျနော်ကလေဒီကလေးနဲ့ပတ်သတ်လာရင် နည်းနည်းလေးတော့အတ္တကြီးမိပါတယ်

ပါးလေးကိုနမ်းလိုက်တော့ လှုပ်လာတဲ့ကျတော့ကလေးလေး*ထတော့လေ မနက်စာ စားကျမယ် ပြီးမှပြန်အိပ်လေနော် *

*မျက်နှာသစ်ပေးမှာလား *

*သစ်ပေးမှာပေါ့ကလေးပုစိရဲ့ လာထ ကိုချီမယ်*

ရိပေါ်ကိုမျက်နှာသစ်သွားတိုက်ပြီး အဝတ်စားလဲပေးလိုက်တယ်ပြီးတော့ ဂျစ်ကျတဲ့ ကလေးက ဟိုဟာစားမယ်မစားဘူး ဒါကအီတယ်နဲ့ ဂျစ်ကျလွန်းပါတယ် ခုချိန်ကအထိခိုက်မခံတဲ့အချိန်ဆိုတော့ကျနော်အများကြီးပင်ပန်းအုံးမယ်ထင်ပါတယ် ။

ရိပေါ်ကကြာလေကလေးဆန်လေဖြစ်လာပါတယ် တစ်ခုခုစိတ်မကြည်ဘူးဆိုငိုပါတယ် လေသံမာဖို့မပြောနဲ့သူပြောတာသေချာနားမထောင်မိရင်တောင် ငိုတတ်လာပါတယ်နောက်ပြီးစာပေးမဖတ်ရင်ထမင်းမစားဘူးဆိုလို့အချိန်နဲ့ပေးဖတ်ရသေးတယ် အဓိကကတော့ သူစိတ်အလိုကျသာနေမယ်ဆိုအဆင်ပြေပါတယ် ကျနော်ကလည်းသူစားချင်တာဆိုမကျွေးတာများတယ်လေ မတည့်တာတွေကြီးပြောနေတော့ကျနော်ဘယ်လိုလုပ်ကျွေးရမလဲ တကယ်ကလေးထိန်းနေရသလိုပါပဲ ခုဆိုကလေးကိုယ်ဝန်ကလေးလကျော်ပြီဆိုတော့ ပိုဂရုစိုက်နေရပါတယ်

* ကို --- ကလေးဝင်လာမယ်နော် *

* ဝင်ခဲ့လေ ကလေးရဲ့ *

* အိပ်မပျော်ဘူးနိုးတော့ ကို မရှိဘူးလေ မအိပ်ရဲ့လို့ဆင်းလာတာ *

My .... ? [ Complete ]Where stories live. Discover now