//9//

1.1K 56 2
                                    

ချမ်းသာတဲ့တိုင်းပြည်တွေနဲ့အပြိုင် လူတိုင်း ဆေးကုခွင့် ၊ ကျောင်းနေခွင့်ကို ရထားသလို ရေအားလျှပ်စစ်ကိုအသုံးချကာ တိုင်းပြည်ရဲ့ နေရာ ၇၀ရာခိုင်နှုန်းကို လျှပ်စစ်မီးပေးနိုင်တယ်။ နိုင်ငံခြားကိုထွက်ကာ ပညာသင်သူတွေရှိပြီး ထွက်သွားသူတိုင်းရဲ့ ၉၉ရာခိုင်နှုန်းဟာ တိုင်းပြည်ကိုပြန်လာကာ အလုပ်အကျွေးပြုကြတယ်။ အဓိကဥပဒေ တစ်ရပ်ရှိသေးတယ်။ အဲဒါကတော့ သူတို့လူမျိုးနဲ့ ဘာသာကို စောင့်ထိမ်းတဲ့အနေနဲ့ သူတို့လူမျိုးတွေကို နိုင်ငံခြားသားတွေနဲ့ လက်ထပ်ခွင့်မပြုတာလေ

ဘူတန်တွေဟာ သူတို့ရဲ့ဘုရင် နဲ့ မိဖုရားကို အလွန်ချစ်ကြတယ်။ လက်ရှိဘူတန်ဘုရင် Jigme Khesar ဟာ ထီးနန်းဆက်ခံစဉ်က အသက် ၂၈နှစ် အရွယ်သာရှိသေးပြီး အမေရိကန် မန်ဆာချူးဆက်က Wheaton ကောလိပ် နဲ့ အင်္ဂလန်အောက်စ်ဖို့ဒ်တက္ကသိုလ်က ဘွဲ့ရခဲ့သူ တယောက်ဖြစ်တယ် ပြီးတော့ သူ့ဖခင်လက်ထက်ကလည်းက ဘူတန်နိုင်ငံကို ခေတ်မီတိုးတက်ဖို့ထက် နိုင်ငံသားတွေ ပျော်ရွှင်ဖို့ပဲ အလေးထားခဲ့တာဖြစ်ပြီး သူ့လက်ထက်မှာလည်း ဆက်လက်အကောင်အထည်ဖော်နိုင်ခဲ့တယ်။ ဒါကြောင့်လည်း သူတို့နိုင်ငံရဲ့ တိုးတက်မှုကို နိုင်ငံသားတွေရဲ့ ပျော်ရွှင်မှု Gross National Happiness နဲ့ပဲ တိုင်းသတဲ့

ဘုရင်ကစလို့ ပြည်သူပြည်သားအားလုံးဟာ ရိုးရာဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိကြတယ်။ ယောင်္ကျားတွေကတော့ gol လို့ခေါ်တဲ့ ဒူးထိရှည်လျားတဲ့ဝတ်စုံကိုဝတ်ဆင်ပြီး မိန်းမတွေကတော့ Kira လို့ခေါ်တဲ့ ခြေမျက်စိအထိရှိတဲ့ဝတ်စုံကို ဝတ်ဆင်ကြတယ် နိုင်ငံသားတွေဟာ ခေတ်မီ တိုးတက်ချမ်းသာမှု မရှိပေမယ့် အပူအပင်ကင်းကင်း နဲ့ နေနိုင်တာကြောင့် ဘူတန်ကို ရောက်တဲ့အခါ မည်သည့် လူကြီးကလေးတွေကို ဒီမှာနေရတာအဆင်ပြေလားလို့ မေးတဲ့အခါ ကျေနပ်တယ် ပျော်ရွှင်တယ် ဆိုတဲ့စကားကိုပဲ ကြားရမှာဖြစ်တယ် သိလား ကို ........

* အင်း ကလေးပြောပြလို့သိသွားပြီလေ ကိုယ့်ကလေးကတော်လိုက်တာ*

* ခုတော့အိပ်တော့နော် *

* ဟုတ်*

ရိပေါ်ကို ရင်ခွင်ထည့်ကာ အိပ်စက်ခြင်းဆီသို့ .......

My .... ? [ Complete ]Where stories live. Discover now