နေမခ!ဟိန်းထွက်လာတဲ့ခေါ်သံအဆုံးမှာတော့ ပြူးပြူးပြာပြာနဲ့သူ့ရှေ့ပြေးထွက်လာတဲ့ လူသားကိုကြည့်ပြီး မာန် သက်ပြင်းချမိသည်
ဟုတ် ကိုကို ကျွန်တော်ရောက်ပါပြီ
အဲ့ဒီ ကိုကို ကိုကိုနဲ့ တစ်ကိုထဲကိုနေတာကို ကျွန်တော်မကြိုက်ပါဘူးပြောလည်းမျက်စိရှေ ့ကလူသားကမှတ်ဉာဏ်မကောင်းလို့လားမသိခေါ်မြဲတိုင်းခေါ်နေဆဲ
အဲ့တာ ဘာလုပ်တာလဲ
တွန့်ချိုးထားတဲ့မျက်ခုံးတစ်ဖက်ကိုပင့်ပြီးပြောလိုက်တဲ့ ကိုကို ကစိတ်တိုတာတောင်ကျွန်တော့်မျက်လုံးထဲ perfect ဖြစ်လွန်းလှသည်
ဘာများလဲလို့ ကိုကို ရယ် အိပ်ယာခင်းလဲပေးထားတာလေ ကိုကို့အိပ်ယာခင်းကညစ်ပတ်နေပြီမဟုတ်လား
ဘယ်သူကမင်းကိုလဲခိုင်းလို့လဲ နောက်ပြီးငါအဖြူရောင်မကြိုက်ဘူးအခုချက်ချင်းပြန်လဲပေး
ဟောဗျာ အဲ့အနက်ရောင်ကကျက်သရေမရှိဘဲအခန်းကိုမှိန်စေလို့ တမင်တကာ သူစိတ်လန်းဆန်းအောင် အဖြူရောင်လေးလဲပေးထားတာကို လူကိုအပြစ်တင်နေတယ်
ကိုယ့်မှာသာ ဒေါသတွေငယ်ထိပ်ရောက်နေတာ
နေမခ ဆိုတဲ့ ပိစိကောင်ကတော့အေးအေးလူလူ နဲ့ခေါင်းတညိမ့်ညိမ့်ပြန်ပြောလို့ ဒီကောင်လေးသူများအိမ်လာနေပြီးလူကိုစိတ်ဒုက္ခတော်တော်ပေးနိုင်တာဘဲစိတ်ထဲမှာတော့ အမှုန့်ကြိတ်ပစ်ချင်ပေမဲ့ မေမေ့ရဲ့ အမှာစကားတွေကြောင့် မာန် ကိုယ့်စိတ်ကိုထိန်းရင်းဖြင့်
နောက်ဆို ငါ့အခန်းထဲ မဝင်နဲ့ငါ့ ပစ္စည်းတွေလည်းငါ့ခွင့်ပြုချက်မရဘဲလာမထိနဲ့နားလည်လား
ဟွန့် အချိန်တန် ငါ့လင်ဖြစ်မှာဘဲကိုလာအဖြစ်သည်းနေတယ်
ပွစိပွစိပြောနေတဲ့စကားလုံးတွေကို မာန်တစ်ယောက်ကြားဖြစ်အောင်ကြားလိုက်သေးသည်
မင်း ဘာပြောတယ်
ဘာမှမပြောဘူး အခု ပြောလို့ပြီးရင်သွားတော့မယ်လို့
ကြွ.... ကြွ
မျက်စောင်းထိုးရင်းခြေဆောင့်သွားလိုက်တာများ မသိရင် တိုက်ဖြိုနေသလား အောက်မေ့ရတယ်
ဒီအမြင်ကတ်စရာကောင်းတဲ့ ကောင်ကိုများ မေမေတို့ကဘာတွေသဘောကျနေမှန်းမသိ ကိုယ့်ထက်အကြီးကိုလေးစားရမှန်းလည်းသိပုံမပေါ်ဘူး
YOU ARE READING
ကျွန်တော့် မူပိုင်ရှင်ကိုကို
Romanceကျွန်တော့်ရင်ခွင်ထဲကလွတ်မယ်ထင်ရင်ပြေးကြည့်လေနောက်ဆုံးကျရင် ကမ္ဘာအဆုံးထိဘဲရောက်သွားမယ်ကျွန်တော့်ရင်ခွင်ထဲကနေတော့ ကိုကို လွတ်မြောက်မှာမဟုတ်ဘူး နေမခ ဘာတဲ့ ခလေးလေး တစ်ခါခေါ်ရင်၅မိနစ်ငြိမ်ပေးမယ်တဲ့ ကိုယ်...