ကျွန်တော့် မူပိုင်ရှင်ကိုကို(Part-7)

3 1 0
                                    

သူများတွေကျောင်းပိတ်ရက်အေးအေးဆေးဆေးဖြတ်သန်းနေချိန်မှာ နေမခဆိုတဲ့ကျွန်တော့်မှာတော့ကိုယ့် ဒုက္ခကိုယ်ရှာရင်း မြို့ပတ်ပြီး bl seriesနဲ့ bl bookတွေပတ်ဝယ်နေရသည်

လက်ထဲမှာလည်း အတော်များများလိုချင်တဲ့ စာအုပ်နဲ့ခွေတွေရပြီဖြစ်သလို စုထားတဲ့ပိုက်ဆံတွေလည်း တက်တက်စင်အောင်ပြောင်ကုန်ပြီမို့ YBSပင်စီးဖို့မရှိတာနဲ့ နေပူထဲလမ်းလျှောက်ပင်ပြန်ခဲ့ရသည်

အရင်လိုသာဆို အခုလိုနေပူထဲလမ်းလျှောက်ရသည်ဆိုသောအသိနဲ့ ကိုယ့်ကိုယ်ကိုသနားနေမိမှာအမှန်ပေမဲ့ အခုအချိန်မှာတော့ ကိုယ့်အတွေးနဲ့ ကို planတွေဆွဲနေသည်မို့ပင်ပန်းရကောင်းမှန်းပင်မသိပါ

ဟိတ်ကောင် ဘာတွေဝယ်လာတာလဲ

နားထဲထော်လော်ကန့်လန့်ဝင်လာတဲ့အာဗြဲအသံပိုင်ရှင် ထက်အောင်ရှား ကြောင့် တွေးလက်စအတွေးလေးတွေကြက်ပျောက်ငှက်ပျောက်ပျောက်ပြီး သူအိမ်ရောက်လာမှန်းအသိဝင်တော့သည်

ခင်ဗျား မျက်လုံးမပါဘူးလား ဘာဝယ်လာလည်းကိုယ့်ဟာကိုမကြည့်တတ်ဘူးလား

မြင်တော့မြင်တယ်လေ အဲ့လောက်ခွေတွေနဲ့စာအုပ်တွေအများကြီး ဘာလုပ်ဖို့ဝယ်လာတာလဲ

ကိုယ့်ပိုက်ဆံနဲ့ကို အများကြီးဝယ်ဝယ်နည်းနည်းလေးဝယ်ဝယ် ခင်ဗျားအပူတစ်ပြားတစ်ကျပ်တစ်ပဲသားဖိုးတောင်မပါဘူးနားလည်လား

ဆောင့်ဆောင့်အောင့်အောင့် ပြောရင်းထွက်သွားတဲ့ ကောင်လေးကိုကြည့်ရင်း ထက်အောင်ရှား မှတ်ချက်တစ်ခုချလိုက်မိသည်က

ထိုကောင်လေး စွာ​တေးလန်ဟူ၍ပင်ဖြစ်သည်

အဲ့ဒီထက်အောင်ရှား ဆိုသော လူကို သူနည်းနည်းမှကြည့်မရပါ ကိုကိုကနဂိုထဲကအဖြောင့်တစ်လိုင်း​ပါဆို ဇွတ်ကြီးအစစ်မနဲ့အောင်သွယ်ပေးနေမှတော့ ကြည့်ရစရာအကြောင်းလည်းတစ်စက်မှရှိသည်မဟုတ်ပါ

အခန်းထဲရောက်သည်နှင့် ကိုကိုကွေးရေးစီမံကိန်းအတွက် ဝယ်လာတဲ့ ဇာတ်ကားတွေထဲက ပြလို့ကောင်းမဲ့ကားကိုထိုင်ရွေးရတော့သည်

ကျွန်တော့် မူပိုင်ရှင်ကိုကိုWhere stories live. Discover now