မင်းလုပ်ပုံကောင်းသေးရဲ့လား
ဟုတ်ကောင်းပါတယ်
ဘာကွ
ဟုတ်တယ်လေ ထိုင်နေတာကိုကောင်းသေးရဲ့လားမေးလို့ကောင်းတယ်လည်းပြန်ဖြေရသေးတယ်
မင်းမရှက်ဘူးလား
ရှက်ရအောင်ကိုကိုကရည်းစားစကားပြောနေတာမှမဟုတ်တာ
မေးသမျှဘုကလန့်တိုက်ကာဖြေနေသော နေမခကြောင့် မာန်ဒေါသတို့က မိုးထိထိုးနေပေပြီ
ဘယ့်နှယ့်ကွာ ကလေးလည်းမဟုတ်ဘဲရန်ဖြစ်ရတယ်လို့
ဟောဗျာ အဲ့တာဆို လမ်းထဲက ကုန်စိမ်းသည် ဒေါ်တုတ်ကရော သူဆိုနေ့တိုင်းရန်ဖြစ်နေတာဘဲလေ သူလည်းကလေးမှမဟုတ်တာ ကျွန်တော့ထက်အများကြီးတောင်ကြီးသေးတယ်
တော်စမ်း ပေါက်ပေါက်ရှာရှာ မိန်းကလေးနဲ့များရန်ဖြစ်ရတယ်လို့ မင်းမရှက်ဘူးလား အေးမင်းမရှက်ပေမဲ့ငါရှက်တယ်ကွ
ဘယ်သူကရောအားအားယားယားရန်ဖြစ်ချင်နေလို့လဲ အဲ့ဟာမကအရင်ရန်စတာလေ
နည်းနည်းလောက်သည်းခံလိုက်တော့မင်းသေမှာမို့လို့လား ဟမ်
အီးဟီး......ဟီး.....
ရုတ်တရတ် အာဗြဲနဲ့ ထငိုတဲ့ နေမခ ကြောင့် မာန်မျက်လုံးပြူးသွားရသည်
ဟင့်... ဒီကသူ့ကိုပြောတာမခံနိုင်လို့လည်းဖြစ်ရသေးတယ် သူကပါ အားကြီးနဲ့လာဆူနေသေးတယ် ကိုကို မကောင်းဘူး ဒေါ်လေးမေနဲ့တိုင်ပြောမယ်
ဒါလား Uniတက်နေတဲ့ကောင်လေး အော်ဟစ်ငိုယိုနေတာများမသိရင် ၆နှစ်သားအရွယ်ကအတိုင်းဘဲဘာဆိုဘာမှပြောင်းလဲမသွားဘူး
ငါကဘယ်မှာ ဆူနေလို့လဲ ဒီတိုင်းပြောတဲ့ဟာကို ဘာလို့အာဗြဲနဲ့ငိုနေတာလဲ ကလေးလည်းမဟုတ်ဘဲနဲ့
ကလေးမဟုတ်ရင်မငိုရဘူးလို့ဘယ်သူကအမိန့်ထုတ်ထားလို့လဲ
ငိုနေရင်းနဲ့တောင် ပြန်ခံပြောပြောဖြစ်အောင်ပြောတတ်သေးသည့် နေမခ ကို ထုံးစံအတိုင်း အလျှော့ပေးရသူက မာန်ပင်မဟုတ်လား
ကဲကဲ တိတ် မငိုနဲ့တော့ ငိုရင်လှတာလည်းမဟုတ်ဘဲနဲ့
ငိုတာတောင်လှအောင်ငိုပြရမှာလားလို့ အီးဟီး......ဟီးး
YOU ARE READING
ကျွန်တော့် မူပိုင်ရှင်ကိုကို
Romanceကျွန်တော့်ရင်ခွင်ထဲကလွတ်မယ်ထင်ရင်ပြေးကြည့်လေနောက်ဆုံးကျရင် ကမ္ဘာအဆုံးထိဘဲရောက်သွားမယ်ကျွန်တော့်ရင်ခွင်ထဲကနေတော့ ကိုကို လွတ်မြောက်မှာမဟုတ်ဘူး နေမခ ဘာတဲ့ ခလေးလေး တစ်ခါခေါ်ရင်၅မိနစ်ငြိမ်ပေးမယ်တဲ့ ကိုယ်...