တစ်တောင်လောက်ထော်နေသော နှုတ်ခမ်းကြောင့် နေမခစိတ်ထဲရာသီဥတုအခြေအနေမကောင်းမှန်း တွေ့သူတိုင်းသိမည်ဖြစ်သည်ဒေါက်...ဒေါက်...ဒေါက်
နေမခ ကျောင်းသွားရမယ် မထသေးဘူးလား
ကျွန်တော်နေမကောင်းဘူး ကိုကို ဒီနေ့အဲ့ဒါကြောင့်ကျောင်းမသွားတော့ဘူး
အသံစူးစူးနဲ့အခန်းထဲကအော်နေပုံထောက်ရင် ထိုပိစိကောင်နေမကောင်းဘူးဆိုတာဘယ်လိုမှမဖြစ်နိုင်မှန်းသူသိသည် ဘာတွေJဝင်နေပြန်ပြီလဲမသိဘူး
ဟွန့် ငါ့ကျေတာ့ပြောလိုက်ရင် လေသံကမာမာနဲ့ ရုပ်ကတည်နေလိုက်တာများ ကျောက်ရုပ်ကြီးထုထားတဲ့အတိုင်းဘဲ သူ့ဟိုဟာမကျတော့ ရီမောပြီးနေလိုက်တာများ တကယ်ကြည့်မရဘူး
အခုလိုပွစိပွစိပြောနိုင်ပုံထောက်ရင်မင်းနေကောင်းတဲ့ပုံဘဲ ကျောင်းသွားရမှာအဲ့လောက်ပျင်းနေတာလားဟမ်..........
ဟင်....ကိုကိုအလုပ်သွားပြီမဟုတ်ဘူးလား
သွားတယ် အရေးကြီးတဲ့ဖိုင်တွေကျန်ခဲ့လို့ပြန်လာယူတာ
Aww အဲ့တာဆိုမြန်မြန်ယူပြီးသွားတော့လေ
အဟက် မင်းနေကောင်းရဲ့နဲ့အပျင်းတစ်ပြီးကျောင်းမသွားတာ အန်တီခင့်ကိုတိုင်မှရမယ်ထင်တယ်
ကျွန်တော် တကယ်နေမကောင်းတာ ဒီနေရာက......
ရင်ဘတ်လေးကိုပွတ်ပြီးမျက်နှာငယ်နဲ့ပြောနေတဲ့ မျက်စိရှေ ့ကကောင်လေးကိုအခုမှသေချာကြည့်မိတယ်
မျက်လုံးမှေးမှေးလေးတွေကရီလိုက်ငိုလိုက်ရင်ပေါ်ကိုမလာတော့အောင်ပျောက်သွားတတ်တယ် ထူထဲပြီးတန်းမနေပေမဲ့ သူ့ဟာနဲ့သူခပ်ရေးရေးမြင်နေရတဲ့မျက်ခုံးလေးတွေကလှတယ်လို့ပင်ဆိုရမည် နှာတံစဥ်းပေမဲ့ အနည်းငယ်ပွနေတာက သူ့ကိုပိုပြီးခလေးနဲ့တူစေသလိုပင် အလှဆုံးကတော့ နှုတ်ခမ်းဘဲ နှင်းဆီနီလိုရဲပြီး ပါးလှပ်နေတဲ့နှုတ်ခမ်းပါးလေးတွေက တကယ့်ကိုချစ်စရာကောင်းစေသည်
တကယ်ပြောတာကိုကို ဒီနေရာကတကယ်နေလို့မကောင်းဘူး အရမ်းနာနေတယ်
YOU ARE READING
ကျွန်တော့် မူပိုင်ရှင်ကိုကို
Roman d'amourကျွန်တော့်ရင်ခွင်ထဲကလွတ်မယ်ထင်ရင်ပြေးကြည့်လေနောက်ဆုံးကျရင် ကမ္ဘာအဆုံးထိဘဲရောက်သွားမယ်ကျွန်တော့်ရင်ခွင်ထဲကနေတော့ ကိုကို လွတ်မြောက်မှာမဟုတ်ဘူး နေမခ ဘာတဲ့ ခလေးလေး တစ်ခါခေါ်ရင်၅မိနစ်ငြိမ်ပေးမယ်တဲ့ ကိုယ်...