ကျွန်တော့် မူပိုင်ရှင်ကိုကို(Part-6)

3 1 0
                                    


ဟေ့ကောင် မာန် အဲ့ဟာလေးကြည့်ရတာငါဒီမှာနေတာမကြိုက်သလိုဘဲ

ထက်အောင်ရှား ပြောသည်လည်းမပြောနှင့် တစ်နေကုန် ထက်အောင်ရှားနဲ့ကိုယ်နဲ့စကားပြောနေသည့်နေရာတိုင်းမှာအလုပ်မရှိအလုပ်ရှာပြီးတဝဲလည်လည်လုပ်နေတတ်သည့်အပြင် မျက်စောင်းပေါင်းသောင်းခြောက်ထောင်ကလည်း ထက်အောင်ရှားဆိီတဒိုင်းဒိုင်းပစ်လွှတ်နေတာမို့ ဘယ်သူမဆို ထိုကောင်လေးJဝင်နေမှန်းကြည့်ရုံနဲ့သိလောက်သည်

ထားလိုက်ပါကွာ သူကအဲ့တိုင်းဘဲ ဒါနဲ့မင်းရော မမသီရိနဲ့အဆက်အသွယ်ရသေးလား

ကိုယ်မေးလိုက်ကာမှ လဒမှိုတက်တဲ့ရုပ်နဲ့ငိုင်တိုင်တိုင်ဖြစ်နေတဲ့ ထက်အောင်ရှားကိုကြည့်ပြီး မာန်ရီချင်စိတ်ကိုထိန်းထားရသည်

မရပါဘူးကွာ မ ကငါ့ကိုစိတ်နာသွားပြီထင်တယ်ကွphနံပါတ်လည်းလဲထားတယ် အိမ်လည်းပြောင်းသွားပြီ

စိတ်ဓာတ်ကျမနေပါနဲ့ကွာ ဖူးစာမှန်ရင်ပြန်ဆုံမှာပေါ့ ဖေ့သားကြီးရဲ့

xီးကိုဖေ့သားကြီးလား ငါ့ကိုဘဲပြောမနေနဲ့ မင်းနဲ့ သရဖီကရော

သရဖီ ဆိုတဲ့အသံကြားတာနဲ့ နေမခ တစ်ယောက် နားစွင့်နေလိုက်မိသည်

သရဖီနဲ့က သူငယ်ချင်းပါကွာ သူလည်းနောက်လထဲမှာ ပြန်ရောက်မယ်ကြားတယ်

ဟေ့ကောင် သရဖီက အသေလန်းတာနော် ကျောင်းတက်တုန်းကလည်းတကယ့် queenအခုဆိုပိုပြီးတောင်လှနေလောက်မှာ မင်းနဲ့ဆိုအရမ်းလိုက်ဖက်တာနော်စိတ်ကူးမလွဲနဲ့ ...အမယ်လေး ပူလိုက်တာဟ

ခြေထောက်ပေါ်ကျလာတဲ့ ကော်ဖီပူတွေကြောင့် ထက်အောင်ရှားတစ်ယောက် စကားပင်ဆက်မပြောနိုင်ဘဲ ထအော်ကာကဗျာကယာခုန်လိုက်မိသည်အထိ

အယ်....မတော်လို့နော်

နှုတ်ခမ်းတစ်ဖက်အပေါ်တက်ပြီးရှုပ်မဲ့မဲ့နဲ့ပြောလိုက်တဲ့ နေမခမျက်နှာကိုကြည့်ရုံနဲ့ဒီစောက်ကလေးသူ့ကိုတမင်လု​ပ်မှန်းသိသာနေသည်

ဘာ...မတော်လို့လဲ မင်းငါ့ကိုတမင်လုပ်တာမဟုတ်လား ဒီလောက်နေရာတွေအများကြီးရှိရဲ့နဲ့ ငါ့ဘေးနားစပ်စလူးထပြီးပြေးလာထိုင်
တာလေ လက်ထဲက ကော်ဖီအပူကြီးကိုလည်းယမ်းခါနေတာအဲ့လောက်ယမ်းနေမှတော့ဒီကော်ဖီကမမှောက်ဘဲနေမလား

ကျွန်တော့် မူပိုင်ရှင်ကိုကိုWhere stories live. Discover now