ကျွန်တော့်မူပိုင်ရှင်ကိုကို(Part-5)

3 1 0
                                    

အား............

ရုတ်တရတ် အော်သံကြောင့် မာန်လန့်နိုးလာခဲ့ရပြီး အော်သံကြားရာ မီးဖိုဆောင်သို့ကဗျာကယာပြေးလာရသည်

ထက်အောင်

မြင်လိုက်ရတာ က ခေါင်းမှာသွေးတွေထွက်နေတဲ့ သူ့ သူငယ်ချင်းထက်အောက်ရှား နဲ့ မျက်စိပေကလက်​ေပကလက်လုပ်ပြီး လက်ထဲကပန်းအိုးကိုကြည့်ကာ ထက်အောင်ဘေးနားရပ်နေတဲ့ နေမခ

.
.
.
.
.
.

ကဲ ပြောစမ်းပါအုံး

မေးလိုက်တော့မှ ငုတ်ထားတဲ့ခေါင်းကိုမော့ပြီး နေမခ သက်ပြင်းချကာ

ဟို....ဟိုလေ ကျွန်တော်နိုးလာလို့ရေဆာတာနဲ့ရေသောက်မလို့ မီးဖိုခန်းထဲအလာ အဲ့လူကကုပ်ချောင်းကုပ်ချောင်းနဲ့ မီးဖိုထဲဘာတွေလုပ်နေမှန်းမသိလို့သူခိုးထင်ပြီးပန်းအိုးနဲ့ရိုက်လိုက်တာ ဟီး.............. .

ပြောပြီးသည်နဲ့ ဟီးခနဲသွားဖြဲရီပြလိုက်တဲ့နေမခ ကြောင့် ထက်အောင်ရှား တစ်ယောက်မကျေနပ်စွာဖြင့်

မိုးလင်းနေပြီကို သူခိုးဖြစ်မလားကွ

သူခိုးကညမှလာခိုးလို့ရတာမှမဟုတ်တာသူ ခိုးချင်တဲ့အချိန်ခိုးမှာပေါ့


ငါ့ရုပ်ကသူခိုးရုပ်ပေါက်နေလို့လား

နည်းနည်းတော့ဆင်တယ်

ဘာကွ

ကဲတော်ကြပါတော့ နေမခ မင်းလည်းအနေအထိုင်ဆင်ခြင်တော့ မနေ့ကလည်း စုစုနဲ့ရန်ဖြစ်တယ်အခုလည်းငါ့သူငယ်ချင်းကိုခေါင်းကွဲအောင်လုပ်ပြန်ပြီ

လူကိုအဲ့လောက်ကြီးမပြောပါနဲ့ စုစု ဆိုတဲ့အဲ့အမ က ကိုကို့ ကိုအထာတွေပေးနေတာလေမသိတာကျလို့ အိမ်ကဖြင့်၂လမ်းကျော်လောက်မှာနေတာကို အိမ်နီးနားချင်းဆိုပြီးမုန့်မျိုးစုံလုပ်ပြီး အကြောင်းမရှိအကြောင်းရှာလာလာနေတာ မိန်းမဖြစ်ပြီးကြည့်မရလို့

ဒါဆို ငါကရောမင်းကိုဘာလုပ်လို့လဲ

ပြောပြီးပြီလေ သူခိုးထင်လို့ပါဆ်ိုနေ

တော်တော့ နေမခ ဒါငါ့သူငယ်ချင်း မင်းဒီမှာလာမနေခင်ထဲက သူကအခုလိုလာလာနေကြ ငါ့ရဲ့အခင်ဆုံးသူငယ်ချင်းမို့ ငါ့ရဲ့အခန်းသော့အပိုပေးထားတာ အဲ့တာကြောင့် သူကအချိန်မရွေးငါ့ဆီရောက်လာတတ်တာရှင်းပြီလား


ကျွန်တော့် မူပိုင်ရှင်ကိုကိုWhere stories live. Discover now