ကျွန်တော့် မူပိုင်ရှင်ကိုကို (Part-9)

4 1 0
                                    


ဝါး......အကျယ်ကြီးဘဲ

တပူပူတဆူဆူနဲ့ အသက်ထွက်အောင်ပြောပြီးနောက်မှာတော့နေမခ တစ်ယောက်တံခွန်မာန်၏ ကုမ္ပဏီ ကိုလိုက်လာခွင့်ရတော့သည်

ပြောပြီးသားနော် ငါမျက်နှာပျက်အောင်မလုပ်နဲ့

ဟုတ်

သူ့အနားမှာဘဲငြိမ်ငြိမ်နေရမယ်ဆိုသောကတိပေးမှ နေမခ ကိုခေါ်လာခဲ့ခြင်းဖြစ်သည် နေမခဆိုသည်မှာလည်း ထိုလူသားအနားမှာပင်နေချင်သည့်သူမို့ ထိုကတိကို၂ခါတောင်းစရာပင်မလို

လက်မှတ်ထိုးစရာရှိသည့် ဖိုင်များကိုစီစစ်နေသော မျက်စိရှေ့ကလူသားဟာ လူအစစ်မှဟုတ်ရဲ့လားလို့ပင်သံသယဝင်မိပါသည် အခုချိန်မှာ တစ်ယောက်ယောက်ကများ တံခွန်မာန်ဟာနတ်သားတစ်ပါးပါလို့လာလိမ်ပြောရင်တောင်သူကအယုံကြီးယုံပြီးထောက်ခံချက်တွေတောင်ပြန်ပေးမိမှာအသေအချာပင်



မေးထောက်ပြီး သူဘာလုပ်လုပ် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့်ကြည့်နေသောမျက်စိရှေ့က နေမခဆိုသောပိစိကောင်ကြောင့်သူတကယ်နေရခက်ပါသည် အလုပ်ထဲခေါ်လာမိတာမှားများမှားပြီလားလို့ပင်သူ့ကိုယ်သူပြန်မေးခွန်းထုတ်နေမိသည်

Boss ဧည့်သည်ရောက်နေတယ်

အေး ဝင်ခိုင်းလိုက်

တံခွန်......

ဟင် သရဖီ

အံ့သြနေသောသူ့ကို နာမည်ခေါ်ရင်း ပြေးဖက်သော သရဖီကြောင့် ဘေးမှ လူကိုအယောင်ယောင်အမှားမှားဖြင့်ပြန်ကြည့်မိတော့ နှုတ်ခမ်းတစ်တောင်လောက်အရှေ့ကပစ်နေပြီး မျက်စောင်းနဲ့ကြည့်နေမှန်းသိလိုက်ရသည်မို့

ဘယ်တုန်းကရောက်တာလဲ

မေးလည်းမေး ဖက်ထားတဲ့ သရဖီလက်တွေကိုလည်းဖယ်လိုက်ရသည်

အင်း မနေ့ထဲကရောက်တာ မနေ့က လာမလို့ဘဲမာမီတို့ကနားပါအုံးဆိုလို့ အခုမှလာရတာ ဘယ်လိုလဲ အံ့သြသွားတယ်တော့လုပ်လိုက်
ဒါနဲ့ ငါတို့တစ်ခုခုစားရအောင် ငါအခုထိဘာမှမစားရသေးဘူး

တစ်လောကလုံးနှစ်ယောက်ထဲရှိတယ်ထင်နေသလားမသိဘူး ဟွန့် စောက်မြင်ကိုကတ်တယ်

ကျွန်တော့် မူပိုင်ရှင်ကိုကိုWhere stories live. Discover now