📱🎼🎼🎼🎼🎼🎼🎼🎼🎼🎼📲
မြည်နေတဲ့phသံကြောင့် ရေချိုးခန်းထဲကထွက်လာတဲ့ မာန်တစ်ယောက် ကပျာကယာကိုင်လိုက်သည်
Hello အမေ
အမယ်လေး သားမာန်ရယ် ခေါ်နေတာကြာလှပြီ
ဟုတ်သားရေချိုးခန်းကအခုမှထွက်လာလို့ပါ အမေ
Aww ဒါနဲ့သားငယ်လေးရော မာန် မင်း သားငယ်လေးကိုအနိုင်ကျင့်နေသေးလား
ဟောဗျာ ကိုယ်ကသူ့သားအရင်းလားဟိုပိစိကောင်ကသားအရင်းလားတောင်မသဲကွဲတော့ဘူး သူတို့သားငယ်ကဘဲကိုယ့်ကိုအနိုင်ကျင့်နေတာကို
အမေ သားကအမေ့သားပါနော် ဟို ကောင်လေးကိုသားထက်တောင်ပိုချစ်နေတာလား
ဟဲ့ ငမာန် နင်နဲ့ သားငယ်ကတူမလား သူ့ခဗျာ နင့်အိမ်သွားနေရမယ်ဆိုပြီးငါတို့ပြောထဲက နင်သူ့ကိုစိတ်ကွပ်နေမှာကြောက်လို့ဆိုပြီးအတင်းငြင်းနေတာ
တော်သေးတာပေါ့ ငြင်းနေလို့ဘဲနို့မို့တာဆို သူ့အိမ်ပေါ်မနေနဲ့ဆိုပြီးပြန်တောင်နှင်ချမလားမသိဘူး ဟွန်း.............
ဟဲ့ ငါ့ကိုဘာတွေတိုးတိုးတိုးတိုး ပြောနေတာလဲ
ဘာမှမဟုတ်ပါဘူး အမေ အဲ့ဒါဆို သားphချတော့မယ်နော် ရေချိုးခန်းကထွက်လာလာချင်းမို့ကြာရင်သားလေဖြတ်တော့မယ်
လေဖြတ်ရင် ကျွန်တော်ကတစ်သက်လုံးပြုစုပေးမှာပေါ့ကိုကိုရဲ့
ဘယ်ချိန်ထဲကရောက်နေမှန်းမသိတဲ့အနောက်က နေမခ ကြောင့် မာန်မျက်နှာကိုအတတ်နိုင်ဆုံးတည်လိုက်သည်
ဘာလာလုပ်တာလဲ အခန်းတံခါးမခေါက်ဘဲ သူများအခန်းထဲဝင်တာယဥ်ကျေးမှုမရှိဘူးနော်
ဟွန့် ခုန ပြုံးရီနေတဲ့ ကိုကို က အခုကျတော့လည်းသူမဟုတ်တော့သည့်အတိုင်းဘဲ နေမခ ဆိုတဲ့ကျွန်တော့်ကိုမြင်ရင် အဲ့မျက်နှာကြီးတည်ရမယ်လို့အမိန့်ပေးထားသလားတောင်အောက်မေ့ရတယ်
လူကိုကြည့်ပြီး နှုတ်ခမ်းတရွဲ့ရွဲ့နဲ့ဘာတွေတွေးနေမှန်းမသိတဲ့ နေမခ ကိုကြည့်ပြီး မာန် ပြောမည့်စကားကိုစရန်နှုတ်ခမ်းပြင်လိုက်သည်
YOU ARE READING
ကျွန်တော့် မူပိုင်ရှင်ကိုကို
Roman d'amourကျွန်တော့်ရင်ခွင်ထဲကလွတ်မယ်ထင်ရင်ပြေးကြည့်လေနောက်ဆုံးကျရင် ကမ္ဘာအဆုံးထိဘဲရောက်သွားမယ်ကျွန်တော့်ရင်ခွင်ထဲကနေတော့ ကိုကို လွတ်မြောက်မှာမဟုတ်ဘူး နေမခ ဘာတဲ့ ခလေးလေး တစ်ခါခေါ်ရင်၅မိနစ်ငြိမ်ပေးမယ်တဲ့ ကိုယ်...