ဟေ့ကောင် ရုပ်ကဘာဖြစ်နေတာလဲဘာဖြစ်ရမှာလဲကွာ သူ့ လင်နဲ့အဆင်မပြေလို့နေမှာပေါ့
ငါ့လင်မဟုတ်ဘူး မင်းတို့လင်နဲ့အဆင်မပြေတာ
မိုးစွေနဲ့ဇော်ထက်ရဲ့စကားတွေကိုချေပရင်း နေမခတစ်ယောက် လေပူတစ်ခက်ကိုမှုတ်ထုတ်လိုက်မိသည်
အမယ် ဘယ့်နှယ့်ကြောင့်ငါတို့လင်ဖြစ်ရမှာလဲ ငါတို့က မိန်းမယူမှာကွ
မင်းတို့ဟာမင်းတို့ယူချင်တဲ့သူယူကွာ မိန်းမ မကလို့အခြောက်မဘဲယူယူ ငါစောက်လုပ်မဟုတ်ဘူး
မနေ့က အစီအစဥ်မအောင်မြင်လို့ ညစ်နေရသည့်အထဲ လူကိုဘာတွေလာပြောမှန်းမသိသည့်၂ယောက်ကြောင့် ပို၍ပင်စိတ်ရှုပ်လာရသည်
နေစမ်းပါအုံး မင်းကဘာတွေညစ်နေတာလဲ
ဘာရမှာလဲကွာ အိမ်ကိုရောက်နေတဲ့ ထက်အောင်ရှားဆိုတဲ့ သူပေါ့ နာမည်နဲ့လိုက်အောင် ရှားမှရှားတဲ့လူ မနေ့ကလည်းငါ့အစီအစဥ်တွေသူ့ကြောင့်ပျက်ကုန်ရတာ အရေးထဲ သရဖီဆိုတဲ့အမကောင်းကြောင်းတွေပြောနေတာတစ်နေ့တစ်နေ့နားကိုငြီးတယ်
အဟက် ဒါဆို မင်းအခုလိုဖြစ်နေတာ မနေ့ကအစီအစဥ်မအောင်မြင်လို့ပေါ့ ဘာလဲကိုတံခွန်မာန်ကမင်းနဲ့အတူဇာတ်ကားမကြည့်လို့လား
ဒုံးဝေးလိုက်တာကွာ ကိုကိုကကြည့်တယ် မင်းလင် ထက်အောင်ရှားကဝင်နှောက်လို့ အပြီးထိမကြည့်ရဘဲ အဓိကခန်းတွေမရောက်ခင်တခြားကားကြည့်လိုက်ရတယ် မင်းတို့ကိုပြောရတာနဲ့မကြည်တဲ့စိတ်ကပိုရှုပ်လာပြီ ဒီနေ့တော့ ငါအတန်းမတက်တော့ဘူး လစ်ပြီ
စကားဆက်ပြောချင်သည့်စိတ်မရှိသည်မို့ နေမခ ထထွက်လာခဲ့သည် ဘယ်မှလည်းလျှောက်သွားချင်သည့်စိတ်မရှိတာကြောင့် အိမ်သို့သာပြန်လာလိုက်သည် ညနေကိုကိုကျောင်းလာကြိုလို့သူ့မတွေ့ရင်တော့ ထုံးစံအတိုင်းအဆူခံလိုက်ရုံသာ
ဟာ နေမခ ဘာလို့ပြန်လာတာလဲ နေမကောင်းဘူးလား
နေကောင်းကောင်းမကောင်းကောင်းခင်ဗျားအပူမပါဘူး
YOU ARE READING
ကျွန်တော့် မူပိုင်ရှင်ကိုကို
Romanceကျွန်တော့်ရင်ခွင်ထဲကလွတ်မယ်ထင်ရင်ပြေးကြည့်လေနောက်ဆုံးကျရင် ကမ္ဘာအဆုံးထိဘဲရောက်သွားမယ်ကျွန်တော့်ရင်ခွင်ထဲကနေတော့ ကိုကို လွတ်မြောက်မှာမဟုတ်ဘူး နေမခ ဘာတဲ့ ခလေးလေး တစ်ခါခေါ်ရင်၅မိနစ်ငြိမ်ပေးမယ်တဲ့ ကိုယ်...