The Last Time

819 116 5
                                    

ရှောင်းကျန့် နိုးထလာခဲ့တဲ့အခါ အဖြူရောင်မျက်နှာကျက်ကြီးကို ဦးဆုံးမြင်လိုက်ရသည်။
လှုပ်ရှားကြည့်ပေးမယ့် လက်ဖမိုးမှာ ဆစ်ခနဲနာသွားတဲ့အပြင် ရင်ဘတ်နေရာကပါ စူးခနဲအောင့်လာတာမို့ 
ငြိမ်ငြိမ်လေးပဲပြန်နေလိုက်ရသည်။

"ရှောင်းကျန့် ရှောင်းကျန့် !!!! "

"ယွီပင်း "

လေသံလေးပဲထွက်လာတာမို့ သူ့အသံကို ယွီပင်းကြားမယ်မထင်၊ အခန်းပြင်ပြေးထွက်သွားတဲ့ ယွီပင်းက ဆရာဝန်တွေနဲ့အတူ ပြန်ရောက်လာသည်။

ဆရာဝန်တွေက ရှောင်းကျန့်ကို စစ်ဆေးပြီးနောက်

"ရင်ဘတ်က ခွဲစိတ်ထားတာမို့ နာနေပါဦးမယ်။ သိပ်လှုပ်လှုပ်ရှားရှား မလုပ်ပါနဲ့ဦး "

ရှောင်းကျန့်က မျက်တောင်ခတ်ပြလိုက်သည်။
ဆရာဝန်တွေထွက်သွားတော့မှ ယွီပင်းက သူ့ကိုဆွဲထူပေးကာ ကုတင်ကိုမှီထိုင်စေသည်။

"ယွီပင်း ရေ... "

"အော်း ရေလား ခဏလေး"

ယွီပင်းက ရေဘူးကို ပိုက်တပ်ပေးကာနှုတ်ခမ်းတေ့ပေးသည်။ ရေတစ်ဝကြီးသောက်နေဆဲမှာပဲ

"ရေအများကြီးမသောက်နဲ့ဦး..ထရထိုင်ရမလွယ်သေးတော့ ခဏခဏသန့်စင်ခန်းသွားချင်ရင် မင်းဒုက္ခရောက်မယ်။ "

ရှောင်းကျန့်က ခေါင်းငြိမ့်ပြရင်း ရေဘူးကိုဖယ်လိုက်သည်။

"ငါ ဘာဖြစ်သွားတာလဲ ယွီပင်း..ခွဲစိတ်တာကရော "

"အော် မင်း မင်း..အက်ဆီးဒန့်အသေးစားလေးဖြစ်သွားတာ..ကံမကောင်းချင်တော့ ရင်ဘတ်မှာ ဒဏ်ရာရသွားတယ်လေ...အဲ့တာနဲ့ အရေးပေါ်ခွဲစိတ်လိုက်ရတာ "

ရှောင်းကျန့်က ခေါင်းတငြိမ့်ငြိမ့်နားထောင်ပြီး

"ငါ ကျောင်းကနေ အိမ်ပြန်လာတုန်း ဖြစ်သွားတာလား..သေချာမမှတ်မိတော့ဘူး..."

"မမှတ်မိရင် အရမ်းမတွေးနဲ့...ရုတ်တရက်ထိတ်လန့်မှုကြောင့် ခဏတာ သတိမရတာနေမယ်..ဖြေးဖြေးချင်း သတိရလာမှာပါ။ ပြီးတော့ အန်တီတို့အရမ်းစိတ်ပူနေမှာစိုးတာနဲ့ ငါ အကြောင်းမကြားထားလိုက်ဘူး"

Hanahaki Disease ||Yizhan||Where stories live. Discover now