Thank you and enjoy your flight.
အထူးတန်းမှာမို့ ရှောင်းကျန့်က စိတ်အေးလက်အေးခုံနောက်ကို မှီချလိုက်သည်။ တရုတ်မြေက အပြီးတိုင်ထွက်လာခဲ့ပြီ၊ နောက်တစ်ကြိမ်ပြန်သွားဖို့ဆိုတာ မဖြစ်နိုင်တော့။
တိမ်စိုင်တိမ်ဆုပ်တွေက ကောင်းကင်ပြာပြာမယ် လွင့်မျောနေလေတယ်။ ရှောင်းကျန့်က ငေးမောနေရတာကို သဘောကျသည်။
စိတ်တိုင်းကျလွင့်နေတဲ့ တိမ်စိုင်တွေကိုကြည့်ရင်း သူ့နှလုံးသားထဲ ဝေလငါးလေးတစ်ကောင် ကူးခတ်နေသလို နူးညံ့နေတော့သည်။
လေယာဉ်ချိန်ကြာပေမယ့် ဆွဇ်မြေကို ပြန်ခြေချလိုက်တဲ့အခါ အရာအားလုံးက သစ်လွင်လတ်ဆတ်သွားတော့သည်။
စိမ်းစိုနေတဲ့ သစ်ပင်တွေကြားဖြတ်သန်းတော့ ရှောင်းကျန့်က ကားမှန်ချကာ ခေါင်းလေးထုတ်ရင်းသဘာဝလေကို ခံစားလိုက်သည်။
ဆံနွယ်တွေ ယိမ်းနွဲ့သွားတဲ့အထိ တိုက်လာတော့ ဖေဖေက'hey အထဲပြန်ဝင်တော့ ကျန်းမာရေးကသေချာလဲမကောင်းသေးပဲနဲ့"
"Noooo...ဖေဖေ့သားက ကလေးမဟုတ်တော့ဘူး..."
ရှောင်းကျန့် ပြန်အော်ပြောတော့ သားအဖနှစ်ယောက်လုံးရယ်ချလိုက်ကြတော့သည်။
ဟုတ်တယ်။ ဒါကမှ ငါ့အိမ်ပဲ၊
"Mommy I'm home !!!! "
ကားပေါ်ကနေဆင်းဆင်းချင်း အိမ်ထဲပြေးကာ ဆီးကြိုနေတဲ့မေမေ့ကို ထွေးပွေ့ထားလိုက်တော့သည်။
နွေးထွေးလှတဲ့ ဒီရိပ်မြုံလေးကနေ ဝေးဝေးထပ်မသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
"ဘယ်လိုလဲ အိမ်ပြေးကောင်လေး..တရုတ်ပြည်မှာ ပျော်ခဲ့ရဲ့လား"
"မေမေ့အိမ်လောက်တော့ ပျော်ဖို့ကောင်းပါ့မလား"
"အလုပ်ပြန်မဝင်နဲ့ဦး သေချာဝအောင် နား..."
"ဟုတ် ဖေဖေ "
မေမေနဲ့ဖေဖေက သူ့ကိုယ်ရေးကိုယ်တာကို ဘယ်တုန်းကမှမစွက်ဖက်ခဲ့တာမို့ အခုလဲ အသေးစိတ်လိုက်မေးမနေပဲ သူပျော်ရာလုပ်ဖို့သာ လွှတ်ပေးထားသည်။
VOUS LISEZ
Hanahaki Disease ||Yizhan||
FanfictionThe victim coughs up flower petals when they suffer from one-sided love.