ကျောင်းပိတ်ရင် ဆွစ်ကိုခဏပြန်ဖို့ရည်ရွယ်ထားတာလဲ ရှောင်းကျန့်က ရိပေါ်ကြောင့်ဖျက်လိုက်သည်။
တခြားတော့မဟုတ် ပေကျင်းကို နှံ့နှံ့စပ်စပ်လိုက်ပြမယ်ဆိုသောကြောင့်ပင်...။ကျောင်းချိန်အမှီမထရတဲ့ နေ့ရက်တွေက ပျော်စရာ...
ရှောင်းကျန့်က နေမြင့်မှထလာပြီးနောက် ကော်ဖီတစ်ခွက်ကိုင်ရင်း ဝရန်တာဆီထွက်လာခဲ့သည်။ နွေးနွေးထွေးထွေးရာသီဥတုကြောင့် စိတ်ပါရွှင်လန်းရသည်။လေလေးတဖြူးဖြူးနဲ့ တကိုယ်တည်း MVရိုက်နေတုန်း bellသံမြည်လာတာမို့ အပြေးသွားဖွင့်ရသည်။
"အော်...ယွီပင်း.."
"ဘာလဲ မင်းလင်မဟုတ်လို့လား..."
"ဒီ သောက်ခွေး"
ရှောင်းကျန့်က ဆဲချလိုက်တော့ ယွီပင်းက လျှာထုတ်ပြောင်ပြကာ အထဲဝင်လာသည်။
"အကြောင်းလဲမကြားထားပဲနဲ့..."
"ငါတို့ဆက်ဆံရေးက ဖုန်းဆက်ကြိုပြောပြီးမှ လာရမယ်လား...လေစိမ်းတွေ တိုက်လှချည်လား sean xiao"
ရှောင်းကျန့်က ကော်ဖီခွက်ကိုချကာ ဆိုဖာတွင်ဝင်ထိုင်ပြီး
"မင်း ပေကျင်းရောက်လာမှ စောင်စကားတွေ တအားများလာသလိုပဲ..."
"ရုံးမှာ စကားပြောရမယ့်သူမှမရှိတာကွာ..ဒီလိုပဲ မင်းကိုလာနှောင့်ယှက်ရတာပေါ့..မင်းလင်ရော.."
"ဘယ်လိုဖြစ်နေတာလဲ တစ်လင်လင်နဲ့...သူ့အခန်းမှာရှိမှာပေါ့..."
"ငါ့ကောင်ကြီး ဒီအသက်ရွယ်မှအချစ်ကို ခံစားတတ်အောင် လုပ်ပေးလိုက်လို့ ဂုဏ်ပုဒ်တပ်ပေးလိုက်တာလေ.."
"ရတယ် ကျေးဇူးပဲ...."
ယွီပင်းက ထိုင်ရာမှ ထပြီး တိုက်ခန်းတစ်ခုလုံးကိုလျှောက်ပတ်ကြည့်သည်။
"မင်း ဟိုကိုမပြန်ဖြစ်ဘူးဆို..."
"အင်း "
"အားနေတာမဟုတ်ဘူးလား...."
"ဟို...ရိပေါ်က...ပေကျင်းကိုလိုက်ပြမယ်ဆိုလို့"
အသံလေးတိုးဝင်သွားရင်း ပြောနေတဲ့ သူငယ်ချင်းကို ယွီပင်းက မျက်ခုံးပင့်ပြကာ စနောက်လိုက်သည်။
ဒီကောင်ကတော့ မရတော့ဘူး...
ESTÁS LEYENDO
Hanahaki Disease ||Yizhan||
FanficThe victim coughs up flower petals when they suffer from one-sided love.