Unicode
ဆွစ်ကို မပြန်ဖို့လုပ်ထားပေမယ့် မေမေကတွေ့ချင်တယ် ဆိုလာတာမို့ ရှောင်းကျန့်မှာ တစ်ပတ်စာအဝတ်အစားလေးတွေ ထုပ်ပိုးရသည်။
လေယာဉ်ချိန်ကိုလဲ အနီးဆုံးချိန်ကိုယူလိုက်ပြီး ကျောပိုးအိတ်လေးလွယ်လို့ ရိပေါ်အခန်းဆီ ဆင်းလာခဲ့သည်။
Bellသံ နှစ်ချက်မြည်သွားပြီးနောက် ရိပေါ်ကတံခါးလာဖွင့်ပေးသည်။ အိပ်မှုန်စုံမွှားမျက်နှာလေးကအစ ချစ်ဖို့ကောင်းနေတော့တာပဲ..
"ရှောင်းကျန့်...ဝင်ခဲ့လေ..."
"မဝင်တော့ဘူး..ကိုယ် ဆွစ်ကိုခဏပြန်ရမယ် "
"အော်..."
"တစ်ပတ်လောက်ပါပဲ ကျောင်းဖွင့်အမှီပြန်လာခဲ့မှာ..
အဲ့တာ ရိပေါ် အဆင်ပြေရင် ငါ့အခန်းလေးကို ဝင်ကြည့်ပေးထားပါလား...""ရတယ်လေ...ကူညီရမှာပေါ့..."
"ဒါ လက်ထောက်အနေနဲ့မဟုတ်ပဲ အိမ်နီးချင်းအနေနဲ့ အကူညီတောင်းတာပါ..."
"အကူမညီမတောင်းလဲ လုပ်ပေးမှာပါ..."
"အင်း ကျေးဇူးပဲ ရိပေါ်..ပြန်လာရင် လက်ဆောင်ဝယ်ခဲ့မယ်..."
"ဂရုစိုက်ပြီးသွား..."
ရိပေါ်က ရှောင်းကျန့်ကိုဆွဲဖက်လိုက်တာမို့ ရှောင်းကျန့်ခမျာ မျက်လုံးပြူးရင်းလှန့်သွားရသေးသည်။
ဒီကောင်လေးက သိပ်လက်ရဲဇက်ရဲပါလား...သဘောကျလိုက်တာ ဟင်းဟင်းရှောင်းကျန့်ခမျာ မျက်နှာပိုးကိုမနည်းသတ်ရင်း ထွက်လာခဲ့တော့သည်။
°ငါ ဆွစ်ကပြန်ရောက်ရင် မင်းကိုဖွင့်ပြောမယ် ရိပေါ်...
အဲ့အခါကျ ငါ့ကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားပေးဖို့ မျှော်လင့်တယ်။ °🍀
ဆွစ်ကို ပြန်ရောက်တာ မွေးရပ်မြေကိုပြန်ရောက်သလိုမျိူး ရင်းနှီးတဲ့သူတွေက ဝမ်းပန်းတသာကြိုဆိုကြတယ်။ မိဘတွေက အစပေါ့.. ရင်းနှီးပြီးကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင်မို့ ရှောင်းကျန့်က ဒီမှာပိုပျော်သည်။
ရိပေါ်ကိုလဲ တစ်ခေါက်လောက် ခေါ်ပြချင်သား...
"မေမေ ဒီမှာကြည့်"
ESTÁS LEYENDO
Hanahaki Disease ||Yizhan||
FanficThe victim coughs up flower petals when they suffer from one-sided love.