"ပရော်ဖက်ဆာရှောင်း စာရွက်စာတမ်းတွေ အသင့်ဖြစ်ပါပြီ။ "
"ကျေးဇူး အမ်မလီ"
"ဘယ်တော့သွားမှာလဲ Sir. "
"အင်း နောက်၃ရက်လောက်နေရင်ပေါ့..."
"အမ်မလီတော့ sirကို သတိရနေတော့မှာပဲ.. "
"ကိုယ်ရောပဲ..နောက်ရောက်လာတဲ့ ပရော်ဖက်ဆာနဲ့ အဆင်ပြေပါစေ.."
"Thank you Sir. "
ပရော်ဖက်ဆာ Sean xiaoက ပစ္စည်းတွေသိမ်းထည့်ထားတဲ့ ဘူးလေးကို သယ်ယူရင်း ကားဆီလျှောက်လာခဲ့တယ်။စာသင်ကြားပေးခဲ့တာ ၃နှစ်ပဲရှိသေးတာမို့ ပစ္စည်းကတော့ များများစားစားမရှိလှ။
Sean Xiao တစ်ဖြစ်လဲ ရှောင်းကျန့်က ၁၀နှစ်သားကတည်းက ဆွစ်ဇလန်နိုင်ငံကမိဘနှစ်ပါးဆီ မွေးစားခံလိုက်ရတာဖြစ်သည်။
တက္ကသိုလ်ကျောင်းသားဘဝရောက်တော့ တရုတ်စာကို ပြန်လေ့လာခဲ့တာမို့ သေချာတော့ ပြောနိုင်နေပြီဖြစ်တယ်။
စိမ်းစိုစိုတောအုပ်လေးကိုဖြတ်ကျော်ရင်း ရှောင်းကျန့်က အိမ်ပြန်လာခဲ့သည်။ မွေးစားမိဘနှစ်ပါးက ရှောင်းကျန့်ကို သားအရင်းလိုချစ်ပေးကာ ပြုစုစောင့်ရှောက်ပေးခဲ့သည်။ ဒါပေမယ့်လို့ သိတတ်စမှာမွေးစားခံရတာမို့ ရှောင်းကျန့်က ငယ်ဘဝရဲ့မွေးရပ်မြေကို လွမ်းဆွတ်နေခဲ့သည်။
မိဘအရင်းတွေကိုရှာချင်တယ်ဆိုတာထက် သူငယ်ငယ်လေးထဲက နေခဲ့တဲ့ ဂေဟာလေးကို သွားချင်နေခဲ့တာ..ရှောင်းကျန့်ဦးနှောက်ထဲမှာ မိဘတွေနဲ့အမှတ်တရဆိုမျိူး ရှိမနေခဲ့..
သူမှတ်မိသမျှ မှတ်ဉာဏ်အားလုံးက ဂေဟာလေးထဲမှာပတ်ပြေးနေခဲ့တာချည်းပဲ...နောက် ဝိုးတိုးဝါးတားမှတ်မိနေတဲ့ ပါးဖောင်းဖောင်းနဲ့ကလေးလေးတစ်ယောက်ရဲ့ပုံရိပ်လေးတွေ...တစ်လတစ်ခါ ဂေဟာကိုလာလှူတတ်တဲ့ အဒေါ်ကြီးရဲ့ စကပ်စလေးကိုဆွဲထားတဲ့ ကလေးလေး...
ဒါတွေက သူမှတ်မိသမျှအကုန်ပဲ...။
ရှောင်းကျန့်က အိမ်ထဲဝင်သွားလိုက်တော့ အမေနဲ့အဖေနဲ့ ဆီးကြိုနှုတ်ဆက်သည်။
"အဆာပြေစားဖို့ ပြင်ထားတယ် ဘေဘီ.."
"အိုခေ သားပြန်ဆင်းလာခဲ့မယ်... "
ESTÁS LEYENDO
Hanahaki Disease ||Yizhan||
FanficThe victim coughs up flower petals when they suffer from one-sided love.