"အန်ကယ်ကျန့် !!!! "
"ဟေ့ အရမ်းမပြေးနဲ့ သမီး ချော်လဲမယ်။ "
"Katie မာမီက မပြေးရဖူးလို့ပြောထားတယ်လေ "
ရှောင်းကျန့်က သူ့ဆီက ပြေးလာတဲ့ ၄နှစ်သမီးလေးကို ပွေ့ချီလိုက်သည်။ ယွီပင်းနဲ့ဗယ်ရိုနီကာတို့ရဲ့ သမီးလေး Katieက သူ့ကိုတော့ တအားချစ်သည်။
"Katieကျောင်းတက်ရင် အန်ကယ်ကျန့်အခန်းမှာပဲတက်မှာနော် "
"ဟားဟား ဟုတ်ပါပြီဗျာ..အထဲဝင်ကြ မေမေတို့ ရှိတယ် "
ယွီပင်းတို့ မိသားစုက ရှောင်းကျန့်တို့အိမ် အလည်လာကြတာဖြစ်သည်။ အိမ်ထဲဝင်တာနဲ့ Katieက ဖေဖေပေါ် ပြေးတက်ရင်း မုတ်ဆိတ်မွှေးတွေနဲ့ ဆော့ကစားနေတော့သည်။
"မင်းရော အလုပ်တွေအဆင်ပြေလား..."
"ပြေပါတယ်..Katie ကျောင်းတက်ရင် ဒုတိယကလေးယူဖို့တွေးထားတာမလို့ ကုန်းရုန်းလုပ်နေရတာပေါ့ကွာ "
"ကောင်းပါတယ်ကွာ....Katieကိုတော့ မပူနဲ့.."
"မင်း ဟိုတစ်ခါဒိတ်တဲ့ကောင်လေးနဲ့အဆင်မပြေပြန်ဖူးလား "
"မေမေကျေနပ်အောင်သွားတွေ့ရုံတင်ပါ၊ ထမင်းတူတူစားပြီး လမ်းခွဲခဲ့ကြတာ "
"အေးပါ မင်းရှာသမျှ Katieကိုပဲ ပေးခဲ့ပေါ့ကွာ "
"ဟားဟား ဟား "
သူငယ်ချင်းနှစ်ယောက် ရယ်မောလိုက်ကြတော့သည်။
_________
"ဌာနမှူးဝမ် ဆွဇ်ရုံးခွဲမှာ အဆင်ပြေပါစေ။ "
"ကျေဇူးပါဗျာ "
ရိပေါ်က နှုတ်ဆက်စကားဆိုပြီးတာနဲ့ လေယာဉ်ကွင်းထဲ ဦးတည်လိုက်တော့သည်။
အိတ်ကပ်ထဲကနေ စာရွက်အပိုင်းအစလေးကို ခဏခဏထုတ်ကြည့်ရင်း ပြုံးမိသည်။
လက်ရေးဝိုင်းဝိုင်းလေးတွေက အိမ်လိပ်စာလေးတစ်ခုကို ရေးမှတ်ထားတာ ဖြစ်သည်။မှောင်မိုက်နေတဲ့ လမ်းကိုလျှောက်ရမယ်ဆိုတောင်
ငါက အရင်လိုနှလုံးသားပဲမို့ နောက်ထပ်တစ်ကြိမ် ကြိုးစားကြည့်ချင်ပါသေးသည်။
ဘယ်နှစ်ကြိမ်ကြိမ်မေးမေး ငါ့အဖြေဟာ ခင်ဗျားပဲမို့လို့။
VOCÊ ESTÁ LENDO
Hanahaki Disease ||Yizhan||
FanficThe victim coughs up flower petals when they suffer from one-sided love.