ရှောင်းကျန့်က ရိပေါ်နဲ့ရှောင်ကွင်းပြီးနေလို့မရပါ။ ရိပေါ်က သူ့လက်ထောက်ဖြစ်နေတာ..ရုံးခန်းတစ်ခုတည်းတူတူသုံးနေတဲ့အပြင် နေတဲ့ကွန်ဒိုကပါ အလွှာလေးခြားထားရုံတင်...
ဒါပေမယ့် ရှောင်းကျန့်က တတ်နိုင်သမျှရှောင်ပါသည်။စကားကိုလဲ လိုတာထက်ပိုမပြောပဲ ခပ်တန်းတန်းပဲဆက်ဆံရသည်။ မဟုတ်ရင် ခံစားရတာ သူပဲမို့...။
"ရိပေါ် ငါ့ကို ဒီဖိုင်လေးတွေ စီပေးထားပါလား.."
"ဟုတ်.."
ရှောင်းကျန့်က ရိပေါ်ကိုမကြည့်ပဲ ကမ်းပေးလိုက်သည်။ရိပေါ်လှမ်းယူတဲ့အခါ လက်ဖမိုးအချင်းချင်း ပွတ်တိုက်မိသွားသည်။ ရိပေါ်က သတိမထားမိပဲ နေရာပြန်ထိုင်သွားပေမယ့် ရှောင်းကျန့်မှာတော့ ကိုင်ထားတဲ့ ဘောပင်ကိုသာ တင်းကျပ်အောင် ဆုပ်ထားမိတော့သည်။
မျက်လုံးလေးကိုစွေကြည့်မိတော့ အာရုံစူးစိုက်နေတဲ့ ရိပေါ်ပုံစံလေးကို မြင်နေရသည်။
လက်မှာခံစားနေရဆဲ နွေးထွေးမှုလေးရယ်၊ရိပေါ်ရယ်ကြောင့် နှလုံးသားက တဒုတ်ဒုတ်လှုပ်ရှားလာပြန်တော့သည်။အေးအေးချမ်းချမ်းလေး ချစ်နေခွင့်ရဖို့က ဆန္ဒလေးပဲကို ဒီဆန္ဒလေးပြည့်ဝဖို့ အတော့်ကိုခက်ခဲနေတော့သည်။
"ပရော်ဖက်ဆာရှောင်း..ဂေဟာကို သွားဦးမှာလား"
"အင်း အစီစဉ်တော့မရှိသေးဘူး...ဘာလို့လဲ..."
"ကလေးတွေကို ပေးဖို့ ပစ္စည်းတွေဝယ်ထားလို့လေ..အဲ့တာကြောင့်..ဆရာရှောင်းမပါရင်လဲ မသွားချင်ဘူး..."
"သဘက်ခါသွားမယ်လေ..."
"အိုခေ...ဒီမှာ ဖိုင်တွေစီပြီးသွားပြီ..."
"ကျေးဇူး ရိပေါ်"
"အိမ်ပြန်တာ ပျော်ခဲ့လား..မေးမယ်မေးမယ်နဲ့ မမေးရသေးလို့"
"ပျော်ခဲ့တာပေါ့ အိမ်ပဲကို...ငါ့အခန်းလေးကို ကြည့်ပေးထားလို့ ကျေးဇူးပဲ ရိပေါ်..."
"မလိုပါဘူး ရှောင်းကျန့်ရဲ့ "
နာမည်ခေါ်သံလေးက ဒီလောက်နားဝင်ချိူမှန်း အစောကြီးကတည်းက သတိထားခဲ့မိရမှာ...။
ခုတော့ဖြင့်....။
VOUS LISEZ
Hanahaki Disease ||Yizhan||
FanfictionThe victim coughs up flower petals when they suffer from one-sided love.