ရှောင်းကျန့်ရဲ့ နေ့ရက်တွေက မလွယ်ကူလှပါ။ ရုံးခန်းနဲ့ သန့်စင်ခန်းကို ပြေးနေရတာ အကြိမ်ကြိမ်ပေါ့။
ခံစားရတဲ့ဝေဒနာက တစ်နေ့တစ်ခြားပိုဆိုးလာသည်။
ရိပေါ်ကိုမြင်တိုင်း လင်းယွဲ့နဲ့ အတူရှိနေတာကိုမြင်တိုင်း နှလုံးသားထဲက ဆူးတွေကဟာ ပိုချွန်ထက်လာသလိုပဲ။"ပရော်ဖက်ဆာရှောင်း အချစ်ကိုဘယ်လိုထင်လဲ "
စာသင်ရင်း နားနေတုန်း ကျောင်းသားတစ်ယောက်ထမေးသည်။
"အချစ်က အချစ်ပဲပေါ့"
"အိုး ပရော်ဖက်ဆာကလဲ ပျင်းစရာကြီး...တွဲနေတဲ့သူမရှိဖူးလား..."
ရှောင်းကျန့်က မျက်မှန်ကိုင်းကို ပင့်တင်ရင် ပြုံးလိုက်သည်။ ကျောင်းသားတွေဆီက တစ်ယောက်တစ်ပေါက်မေးသံတွေ ဆူညံလာတော့ ချောင်းတစ်ချက်ဟန့်လိုက်သည်။
"တွဲနေသူတော့မရှိသေးဘူး...သဘောကျနေတဲ့သူတော့ ရှိတာပေါ့ ဒီအရွယ်ပဲရောက်နေပြီကို "
ရှောင်းကျန့်အဖြေကို ကျောင်းသားတွေက သဘောတကျရယ်တယ်။
မျက်လုံးကို ဝေ့ဝဲကြည့်လိုက်တော့ ရိပေါ်က သူထိုင်နေကျ နောက်ဆုံးတန်းလေးမှာထိုင်နေလေရဲ့။
ခုံပေါ်မေးထောက်ရင်း..."ပရော်ဖက်ဆာက ဖွင့်မပြောဘူးလား"
ရှောင်းကျန့်က ရိပေါ်ကို ငေးကြည့်ရင်း
"တစ်ချိူ့အချစ်တွေက မဖြစ်မနေ ဖွင့်ပြောဖို့၊ တစ်ဖက်လူသိသွားဖို့ မလိုအပ်ဘူး။ "
အသက်ကိုပြင်းပြင်းရှူထုတ်ရင်း
"ချစ်ပေးနေဖို့ပဲ လိုတာ။ "
"wowwwww "
ကျောင်းသားဆီက အော်သံတွေ ထွက်လာတော့ ရှောင်းကျန့်က ရယ်ရင်း
"ကဲ ဒီနေ့အတန်း ဒီလောက်ပါပဲ "
"ကောင်းကောင်းသွားပါ ပရော်ဖက်ဆာရှောင်း"
ကျောင်းသားတွေကို ပြန်နှုတ်ဆက်ပြီး ကျောင်းခန်းထဲကနေ ပြန်ထွက်လာခဲ့တော့သည်။
အပြင်ရောက်နှင့်နေတဲ့ ရိပေါ်က လက်ထဲက စာရွက်စာတမ်းတွေကို လွှဲယူပြီး ရှောင်းကျန့်နောက်ကနေ လိုက်လာသည်။
أنت تقرأ
Hanahaki Disease ||Yizhan||
أدب الهواةThe victim coughs up flower petals when they suffer from one-sided love.