အခန်း(၁၁.၃)

146 13 0
                                    

Unicode

Page 288-293

Page-288

နောက် ၇ ရက်ကြာတော့ အားလုံးစောင့်မျှော်နေကြတဲ့ပြိုင်ပွဲကြီးကို မြို့တော်အနောက်ဘက် မြေနိမ့်ပိုင်းနေရာမှာကျင်းပခဲ့ပါတယ်။ အရင်တုန်းက Fanyin တောင်ကြားမှာ ဥတုရာသီ၄ခုလုံးရှိခဲ့စဉ်အခါကဆိုရင် ဒီတောင်စောင်းနေရာမှာ မက်မွန်ပင်တွေနဲ့ဖုံးလွှမ်းနေခဲ့တာဖြစ်လို့ မက်မွန်တောင်ကြားလို့တောင် ခေါ်ဝေါ်လေ့ရှိခဲ့တာ။ သို့သော် ရာစုနှစ်၂ခုအတွင်းမှာပဲ နှင်းတွေနဲ့ရေခဲတွေက တောင်စောင်းတစ်ဝက်လောက်ကို ဖျက်ဆီးပစ်လိုက်လေပြီ။ ဒီလိုနဲ့ တော်ဝင်နန်းတော်က ဒီနေရာကို အားကစားကျင်းပရာရင်ပြင်အဖြစ် ပြောင်းလဲပစ်ခဲ့တာပေါ့။

ဖုန်းကျိုတစ်ယောက်ကတော့ ရင်ပြင်ထဲကိုခြေချလိုက်ကတည်းက အတန်းဖော်တွေနဲ့ တက်ကြွစွာစကားဝိုင်းဖွဲ့နေလေရဲ့။ လွန်ခဲ့တဲ့ ၁၀ ရက်တုန်းက သူမတုပ်ကွေးမိနေတာဆိုပြီး သုံဟွာလိမ်ဆင်လုပ်ထားတာလေ။ သူမအိပ်ယာပေါ်ကဆင်းဆင်းချင်း ဒီလိုပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတော့ အတန်းဖော်တွေ အံ့သြတကြီး လာရောက်သတင်းမေးကြတာပေါ့။ ဖုန်းကျို ပြိုင်ပွဲရင်ပြင်ကို တစ်ချက်ဝေ့ကြည့်လိုက်တယ်။ သေချာတာပေါ့ နှင်းတိုင်လုံးကြီးတွေက သူမမြင်ကွင်းကို လွှမ်းမိုးထားတယ်။ Meng Shao သူမကိုပြခဲ့တဲ့ရင်ပြင်နဲ့ တစ်ပုံစံတည်းပဲ။ မြူဆိုင်းနေတဲ့ မနက်ခင်းနေရောင်အောက်မှာ ချွန်ထက်နေတဲ့ နှင်းတိုင်လုံးကြီးတွေက ကြောက်လန့်စရာကောင်းလောက်အောင် တောက်ပလျက်ရှိတယ်။ သို့သော် သုံဟွာညွှန်ကြားပြသပေးတဲ့ ၁၀ရက်တာလေ့ကျင့်မှုအပြီးမှာ ထိုတိုင်လုံးတွေကို သူမ အရေထဲတောင်မထည့်တော့မပါဘူး။ ရွေ့လျားနေတဲ့တိမ်စိုင်တွေကိုကြည့်နေသလိုမျိုးကို သူမ ပေါ့ပေါ့ပါးပါးကြည့်နေတာ။ Meng Shao အကြောင်းပြောမှပဲ... မနေ့က သုံဟွာသူမကို အကာအကွယ်တံတိုင်းထဲကလွှတ်ပေးတော့ တခြားသူတွေကိုလိုက်မေးကြည့်တာ သူ ထပ်ပြီးမိုက်ရူးရဲဆန်တဲ့ပုံစံမျိုးမရှိတော့ဘူးတဲ့။ သူ သေချာစဉ်းစားပြီးသွားပြီထင်ပါရဲ့။ Meng Shao သူ့ကိုယ်သူ ထပ်မနှိပ်စက်တော့ဘူးဆိုတာသိရတော့ သူမစိတ်ချနိုင်ပါပြီ။

Three Lives Three Worlds,The Pillow Book  Upper Volume (Completed)Where stories live. Discover now