အခန်း(၁၁.၄)

457 17 2
                                    

Unicode

Page 308-311

Page 308

အခုတလော ထိုက်ချန်းနန်းတော်ရဲ့အိမ်တော်ထိန်းဖြစ်တဲ့ Zhonglin ရဲ့စိတ်ထဲမှာ စိုးရိမ်ပူပန်မှုကြီးတစ်ခု လေးလံလျက်ရှိတယ်။ အရှင်မင်းမြတ်တစ်ယောက် Fanyin တောင်ကြားကပြန်ရောက်လာကတည်းက ထူးထူးဆန်းဆန်းတွေ ပြုမူနေတယ်လေ။ ဒါပေါ့ အရှင်မင်းမြတ်က အများနဲ့မတူတဲ့ တမူထူးခြားသူတစ်ယောက်ပဲဟာ။ သူကိုယ်တိုင်တောင် အရှင်မင်းမြတ်အနားမှာ ခစားလာတာနှစ်ပေါင်းမရေမတွက်နိုင်တော့ဘူးဆိုပေမယ့် အရှင့်ကို ခုထိအပြည့်အဝနားမလည်နိုင်သေးဘူး။ ဒါပေမယ့် ဒီတစ်ခေါက်တော့ အရှင်မင်းမြတ်ရဲ့ထူးဆန်းမှုက အရင်အချိန်တွေတုန်းကနဲ့ လုံးဝကိုမတူတာ။ ဥပမာပြောရရင် အရှင်တစ်ယောက် လက်ထဲမှာစာအုပ်ကြီးကိုင်ထားပြီး တစ်နေကုန်စာရွက်တစ်ရွက်မှလှန်လှောခြင်းမပြုဘဲ တွေးဝေမိန်းမောစွာ ထိုင်နေတတ်တာမျိုး။ ဥပမာ ရေကိုကျိုဖို့မေ့လျော့ပြီး လက်ဖက်ရည်သောက်ဖို့အတွက် ရေနွေးအစားရေအေးတွေပဲ ထိုင်သောက်နေတတ်တာမျိုး။ ဥပမာ စားတော်ပွဲတစ်လျှောက်လုံး သူဘာစားလို့စားနေမှန်းမသိပဲ တူအစုံကိုလက်ကဆုပ်ကိုင်ထားတာမျိုး အစရှိသဖြင့်ပေါ့။ တစ်ခါရှိသေးတယ် လူတစ်ယောက်ကို တခြားဘေးမှာရှိနေတဲ့သူတွေသတိမပြုမိဘဲ ပျောက်ကွယ်သွားအောင်လုပ်ဖို့ အကောင်းဆုံးနည်းလမ်းကဘာဖြစ်နိုင်မလဲဆိုပြီးတော့တောင် အရှင်သူ့ကိုအူကြောင်ကြောင်မေးခွန်းမျိုး မေးတဲ့အချိန်တောင်ရှိသေးပါရောလား။ Zhonglin ကိုယ်တိုင်က ကိုယ်ကျင့်တရားကောင်းမွန်စွာ နေထိုင်ကျင့်သုံးလာခဲ့တဲ့နတ်တစ်ပါးဆိုတော့ ဒီလိုမေးခွန်းမျိုးအတွက် အရှင်စိတ်ကျေနပ်အောင် ဘယ်အဖြေပေးနိုင်ပါ့မလဲ။ အရှင်သီကျွင်းလည်း စိတ်ပျက်သွားပုံရပါတယ်။ သေချာတာတော့ အခုရက်တလော အရှင်တစ်ယောက် စိတ်နဲ့လူနဲ့မကပ်ဘူးဆိုတာ သူတပ်အပ်ပြောနိုင်တယ်။ (Zhonglin ရယ် သုံဟွာဘယ်ကပ်နိုင်ပါ့မလဲ ရန်ချီဝူကို ဖုန်းကျိုသတိမထားမိအောင် ဘယ်လိုရှင်းထုတ်ပစ်ရမလဲစဉ်းစားနေတာကိုး🤣🤣)

အရှင် ထိုက်ချန်နန်းတော်ကိုပြန်ရောက်ပြီး နောက်တစ်နေ့နေ့လယ်ခင်းလောက်ကျတော့ အရှင်လန်ရှန်း သီကျွင်းကိုလာရှာခဲ့တယ်။ အရှင်လန်ရှန်းက ထိုက်ချန်နန်းတော်ကို ခဏခဏအလည်လာနေကျပါ။ ဒီတော့ အခုသူလာလည်တာလည်း အဆန်းတကျယ်တော့မဟုတ်ဘူး။ ဒါပေမယ့် ခါတိုင်းက ပေါ့ပေါ့ပါးပါးနဲ့ အမြဲပူပင်ကြောင့်ကြမဲ့နေပုံပေါ်တဲ့ အရှင်လန်ရှန်းရဲ့မျက်နှာက ဒီနေ့မှာတော့ တည်ကြည်လေးနက်တဲ့အသွင်ပေါက်နေတယ်လေ။ အမှန်တိုင်းပြောရရင် Zhonglin သူ့ရဲ့ဒီမျက်နှာသွင်ပြင်ကို မမြင်ရတာနှစ်အတော်ကြာပြီ။ နောက်ဆုံးသူမြင်ခဲ့ရတဲ့အချိန်က လွန်ခဲ့တဲ့နှစ် ၄၀၀ ကျော်လောက်က ချန်းယွီနတ်သမီး ကောင်းကင်ဘုံကိုတက်လာတုန်းကအချိန်ပဲ ဖြစ်မယ်ထင်တယ်။

Three Lives Three Worlds,The Pillow Book  Upper Volume (Completed)Where stories live. Discover now