အခန်း(၈.၁)

121 16 0
                                    

Unicode

Page 178-181

Page-178

အခန်း (၈)

နောက်နေ့မနက်ကျတော့ သူမတို့ဆရာရဲ့နာမ်မည်ကိုမေးဖို့ ဖုန်းကျို ကျောင်းကိုအစောကြီးရောက်နေခဲ့တယ်။ ဖားရတာ ဒီလောက်ခက်လိမ့်မယ်လို့ သူမမသိခဲ့သလို သူမရဲ့ဆရာနာမ်မည်ကို ရှာရတာက မဟာဆန်ဆန်ဂုဏ်သရေရှိ အမျိုးသမီးတွေရဲ့နာမ်မည်ကိုရှာရတာထက် ပိုခက်လိမ့်မယ်လို့လုံးဝမထင်ထားခဲ့ဘူး။ ခြောက်လလောက်ကြာပြီးတဲ့နောက် ဖုန်းကျို ကျောင်းမှာ ရန်ချီဝူအပြင် မင်းသား Xiangli Meng တစ်ယောက်နဲ့ပဲ ရင်နှီးခဲ့တာ။ ဒါပေမယ့် မင်းသားလေးရဲ့နေရာကိုလည်းရောက်ရော သူတောင် ဆရာ့နာမ်မည်ကဘာလဲဆိုတာ မသိဘူးတဲ့။

အချိန်က ယုန်ချိန်(မနက် ၅နာရီမှ ၇နာရီ) အတွင်းပဲရှိသေးတယ်။ ကောင်းကင်မှာလည်း မြင်ရရုံမျှအလင်းရောင်ထုတ်ပေးလျက်ရှိတဲ့ လခြမ်းကွေးလေးတစ်ခုပဲရှိတယ်။ ပုံမှန်အားဖြင့် ဒီအချိန်ဆိုရင် ရည်မှန်းချက်ကြီးလှတဲ့ ကျောင်းသားအနည်းငယ်စာကြည့်နေကြတာကိုသာ တွေ့ရလေ့ရှိတယ်။ သို့သော် ဒီနေ့မှာတော့ ဟိုးအကွာအဝေးတစ်ခုလောက်ကနေ ဆူညံသံအချို့ကို ကြားနေရတယ်။ အရမ်းအကျယ်ကြီးတော့မဟုတ်ပါဘူး။ ဒါပေမယ့် လူတစ်ဦးနှစ်ဦးထက်ပိုတဲ့ဆီကလာတဲ့အသံတွေဆိုတာကတော့ သေချာတယ်။ ဖုန်းကျို တစ်စုံတစ်ခု စိတ်လှုပ်ရှားစရာကောင်းတာ ကြားမိလိုက်တဲ့အတွက် အိပ်ချင်စိတ်တောင် ပျောက်သွားတယ်။ စောစောထတဲ့ငှက်တွေက တကယ်ကို အကောင်းဆုံးဆက်ဆံခံရတာပဲ။ ဒီနေ့သူမ ခဏပဲအိပ်ခဲ့တာ တော်သေးတာပေါ့။

ညပုလဲတစ်ချို့ စာသင်ခန်းမကြီးထဲမှာ လင်းထိန်လျက်ရှိတယ်။ ဖုန်းကျို နောက်ဖေးတံခါးပေါက်ကနေ တိတ်တိတ်လေးခိုးဝင်လာပြီး အထဲကိုချောင်းကြည့်လိုက်တယ်။ သူမရဲ့အတန်းဖော်အများစု ရောက်နေကြပြီ။ သူတို့တွေ ကျောင်းပတ်လည်မှာ ခြုံခိုထောင်ချောက်တစ်ခုဆင်နေသယောင် ရှေ့နဲ့နောက် လူးလားခတ်လျက်ရှိလေရဲ့။

တစ်စုံတစ်ယောက်ကတော့ လက်ထဲမှာ ဆုတ်ဖြဲထားတဲ့ပုံကြမ်းစာရွက်တစ်ခုကိုင်လျက် ခါးထောက်ကာ အခြားသူတွေအကုန်လုံးကို အမိန့်ပေးနေတယ်။ သူကတော့ Meng Shao ရဲ့ဝမ်းကွဲညီမ မင်းသမီး Jielu ပါပဲ။

Three Lives Three Worlds,The Pillow Book  Upper Volume (Completed)Where stories live. Discover now