အခန်း(၄.၂)

136 14 0
                                    


Unicode

Page 97-103

Page-97

အဲ့ဒီခေတ်မှာ သုံဟွာက သူရဲကောင်းဖြစ်လာခဲ့တယ်ဆိုပေမယ့် အခုဘက်ခေတ် ကောင်းကင်ဘုံအိမ်ရှေ့စံရဲ့ဟွာလိုမျိုးမဟုတ်ဘဲ သုံဟွာရဲ့မွေးဖွားမှုဟာ တော်တော်လေးတိတ်ဆိတ်ပါတယ်။ ရွှေရောင်သက်တန့်တွေ ကောင်းကင်မှာမဖြစ်ပေါ်ခဲ့သလို ၄၉ ကောင်သော ငါးရောင်စုံငှက်တွေဟာလည်း ပင်လယ်ပြာမှာ ဝဲပျံမနေခဲ့ပါဘူး။ ဘာဆိုဘာမှနိမိတ်ထွန်းခြင်းမရှိဘဲ တိတ်ဆိတ်လွန်းနေလို့ ဘယ်သူကမှ သူမွေးဖွားလာတာကို မသိခဲ့ကြဘူး။

သို့သော် အကျဉ်းချုံးသမိုင်းအနည်းငယ်တော့ရှိတယ်။ ထိုသမိုင်းတွေအရဆို အရှင်မင်းမြတ်ဟာ နေရာတစ်ခုကသန့်စင်မြင့်မြတ်တဲ့ရေကိုသောက်သုံးပြီး မသေမျိုးတစ်ယောက်ဖြစ်ဖို့ စွမ်းအင်တွေရလာတာတဲ့။ ဒါဆိုရင် ကောင်းကင်က သူ့ကိုဘယ်လိုမွေးဖွားခဲ့လဲ? ကျောက်တုံးတစ်ခုထဲကများ ခုန်ပြီးထွက်လာလေသလား? ဒါမှမဟုတ် သစ်ခုတ်သမားတစ်ယောက်က သူ့ကိုဝါးပင်တစ်ခုထဲမှာ ရှိနေတာကိုတွေ့တော့ မွေးစားဖို့ အိမ်ကိုခေါ်သွားခဲ့တာလား? သမိုင်းမှတ်တမ်းတွေဟာ တိုတောင်းလွန်းပြီး များများစားစားရေးမထားကြဘူး။

ငယ်ငယ်ရွယ်ရွယ်နဲ့ ကြီးလေးတဲ့တာဝန်တွေကို ထမ်းခဲ့ရသော်ငြား သုံဟွာရဲ့ကလေးဘဝဟာ အရမ်းကိုသာမာန်ဆန်လွန်းပါတယ်။ ပင်လယ်ပြာမှာ တစ်ယောက်တည်းပဲ ကြီးပြင်းလာခဲ့တယ်။ နေ့တိုင်းနေ့တိုင်း အနီးနားဝန်းကျင်က နတ်ဆိုးတွေနဲ့ သရဲတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်။ နတ်ဘုရားမျိုးနွယ်လည်းမဟုတ်လေတော့ နတ်ဘုရားတွေရဲ့အကာအကွယ်လည်း မရှိခဲ့ဘူး။ ပြီးတော့ သင်ကြားပြသပေးမယ့် ဆရာသမားဆိုတာလည်းမရှိဘူး။ အခုသုံဟွာသိသမျှအရာတွေအားလုံးက သူ့ရဲ့သွေးစွန်းတဲ့ ဘဝအတွေ့အကြုံတွေဆီကပဲ ရလာတာ။

သူ့ရဲ့အောင်မြင်လာမှုကလည်း ဂီတနဲ့စစ်နတ်ဘုရား မိုယွမ်လိုမဟုတ်သလို အိမ်ရှေ့စံရဲ့ဟွာနဲ့လည်း လုံးဝမတူဘူး။ မိုယွမ်ကို Fushen ဆရာကြီးကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့ပြီး ရဲ့ဟွာကကျ မြင့်မြတ်တဲ့တာအိုဆရာကြီး Lingbao Tianzun နဲ့ အနောက်ဘက်ကောင်းကင်က ထက်မြက်မှုနဲ့ကျော်ကြားတဲ့ ဆရာကြီး Bodhisattva တို့ဆီမှာ တပည့်ခံယူခဲ့တာလေ။ ဒါဟာ သူတို့လို တော်ဝင်မျိုးနွယ်တွေအတွက်တော့ ပုံမှန်အခွင့်ထူးတစ်ခုပါပဲ။ (နောက်ဆိုသုံဟွာ ဖုန်းကျိုအပေါ်မှာဆိုးလည်း အပြစ်မမြင်ကြပါနဲ့နော် သူ့မှာဆွေမရှိ မျိုးမရှိ ဆရာမရှိ ကိုယ့်အားကိုယ်ကိုးပြီး ကြီးပြင်းလာခဲ့တာဆိုတော့ ဘယ်လိုသိမ့်မွေ့ရမှန်းမသိဘဲ အနိုင်ကျင့်သလိုဖြစ်နေတာပါ😥)

Three Lives Three Worlds,The Pillow Book  Upper Volume (Completed)Where stories live. Discover now