အခန်း(၈.၂)

105 14 0
                                    

Unicode

Page 189-191

Page-189

ငြင်သာတဲ့လေအရှိန်ဟာ နှင်းဖတ်လေးတွေကို သစ်ကိုင်းတွေပေါ်လွင့်သွားစေတယ်။ သုံဟွာ သူမရဲ့နောက်ကိုလိုက်လာတာ သူမသိတယ်။ သို့ပေမယ့် သူမမရပ်ခဲ့ဘူး။ သူမရဲ့ရှေ့ခြေသုံးလှမ်းအကွာလောက်မှာ သုံဟွာငြိမ်ငြိမ်လေး ရပ်နေတယ်။ ဖုန်းကျိုဆက်လျှောက်ပေမယ့် သူ သူမရဲ့လမ်းပေါ်ကနေဖယ်မပေးခဲ့ဘူး။ သူမ အပေါ်ကိုမော့လိုက်ပြီး သူ့ကိုစိမ်းဝါးစွာကြည့်လိုက်တော့တယ် "ကျွန်မကိုကယ်ဖို့အတွက် ဒီကိုရောက်လာတာလို့တော့မပြောနဲ့ လွန်ခဲ့တဲ့ခြောက်လလုံးလုံး ဘယ်ရောက်နေလဲ" သူမသရော်လိုက်တယ် "ဘာလဲ..နောက်ဆုံးတော့ကယ်ဖို့သတိရလို့ ဒီနေ့မှရောက်လာတာလား ကောင်းပြီလေ ရှင်သိလား..ကျွန်မမလိုတော့ဘူး" သူမပြန်လှည့်လိုက်ပြီး စမ်းချောင်းလေးအတိုင်း ပြန်သွားခဲ့တယ်။ သုံဟွာရဲ့ခြေဖျားဟာ သူမရဲ့ရှေ့ မြေပြင်ပေါ်မှာထပ်ပြီးပေါ်လာတဲ့အချိန်မှာတော့ သူမရပ်တန့်လိုက်လေတယ် "ဖယ်! ပိတ်မထားနဲ့"

တစ်မီတာလောက်အကွာမှာရပ်ရင်း သုံဟွာ သူမလေးကို ခဏတာမျှ တစ်စိမ့်စိမ့်ကြည့်ပြီးတဲ့အခါမှာတော့  သူ့ရဲ့အသံထွက်ပေါ်လို့လာပါတော့တယ် "ဘယ်လောက်တောင် ပျော်ဖို့ကောင်းလဲ ငါ့ကိုစိတ်ဆိုးနေတာလား မင်းကိုနှစ်တစ်ဝက်လောက် စောပြီးကယ်တာနဲ့ နှစ်တစ်ဝက်လောက်နောက်ကျပြီးမှကယ်တာ ဘာမြန်းထူးခြားသွားလို့လဲ"

တစ်ခုန်တည်းနဲ့ ဖုန်းကျို သူနဲ့သုံးဆယ်မီတာအကွာလောက်ကို ပြန်ဆုတ်လိုက်တယ်။ သူမစိတ်အတွင်းက ဒေါသမီးတောင်ပေါက်ကွဲဖို့ အလားအလာရှိနေတယ်လေ။ ဒီလောက်အိုနေပြီး ဘယ်လောက်တောင်မှ အရှက်မရှိတဲ့သူလဲ! နှစ်တစ်ဝက်လောက်စောပြီးကယ်တာနဲ့ နောက်ကျပြီးကယ်တာ ဘာထူးခြားလဲလို့မေးနေတာလား?

ဖုန်းကျို လက်သီးဆုပ်ကို တင်းမာနေအောင်ကျစ်ကျစ်ဆုတ်လိုက်တယ် "ရှင်ပဲ လက်ကိုင်ပုဝါတစ်ခုအဖြစ်ကိုပြောင်း၊ ဓားရိုးတစ်ခုမှာအချည်ခံပြီး တိုက်ပွဲတစ်ခုဆီကို ယူသွားတာခံလိုက် ပြီးတော့ ဝေးလံခေါင်ဖျားလှတဲ့ တောင်ကြားဆီကို လပေါင်းများစွာ ပစ်ချတာခံရကြည့်ကြည့်ပါလား ခံစားကြည့်လိုက်လေ" သူမရုတ်တရက် အော်လိုက်တဲ့အချိန်မှာပဲ လွန်ခဲ့တဲ့နှစ်ဝက်လောက်က သူမသူ့ကိုဘယ်လိုများခွင့်လွှတ်ပေးခဲ့တာလဲလို့ အံ့သြမိပြန်တယ်။ ဒီလိုဖြစ်ရပ်မျိုးကနေ ကံကောင်းပြီးရှင်သန်ခဲ့တဲ့ဘယ်သူမဆို သုံဟွာရဲ့ ပုံတူစုန်းအရုပ်ကို နေ့တိုင်းအပ်နဲ့ထိုးနေမှာပဲ။ ဒီအတွေးနဲ့ သူမ ပြောင်ပြောင်ပဲပြောလိုက်တယ် "အဲ့ဒီတော့ ကျွန်မ နည်းနည်းစိတ်တိုတာပေါ့ ဒါပေမယ့် ကျွန်မ ကောင်းကောင်းကြီးပြင်းလာခဲ့ရတဲ့အတွက် ရှင့်ရဲ့ပုံတူစုန်းအရုပ်လုပ်ပြီး အပ်နဲ့တော့မထိုးသေးပါဘူး ဒါကိုတောင် ဘာကွာခြားလဲမေးရဲသေးလား" သူမ ထင်းရူးခက်တစ်ခက်ကိုယူလိုက်ပြီး ထက်ပိုင်းချိုးပြလိုက်တယ် "အဲ့လိုမျိုးဆင်ခြင်တုံတရားမရှိတဲ့ မေးခွန်းမျိုးထပ်မေးရင် ဒီသစ်ခက်လိုထပ်တူလုပ်ခံရဖို့သာပြင်ထား"

Three Lives Three Worlds,The Pillow Book  Upper Volume (Completed)Where stories live. Discover now