Prolouge

865 30 0
                                    

Unicode

Page 1-3

Page-1

မိတ်ဆက်

မတ်လမှာဆို အစိမ်းရောင်မြက်ခင်းပြင်ကြီးတွေနှင့် ဧပရယ်လမှာဆို ကောင်းကင်အနှံ့ ငှက်ငယ်လေးတွေပျံသန်းလေ့ရှိသောနေရာကတော့ အရှေ့ပင်လယ်ရဲ့အစွန် မက်မွန်ပွင့်တွေဝေဝေဆာဆာပွင့်လျက်ရှိတဲ့ ဆယ်မိုင်မက်မွန်ခြံပဲဖြစ်သည်။

ကောင်းကင်ဘုံရဲ့မျိုးနွယ်စုနဲ့ ချင်းချူရဲ့အမြီးကိုးချောင်းမြေခွေးမျိုးနွယ်စုတို့ဟာ မကြာခင်မှာဆွေမျိုးတော်စပ်ရတော့မှာဖြစ်တယ်။ မျိုးနွယ်စုအကြီးအကဲတွေကြား ဒီဆွေးနွေးပွဲဟာ တစ်ရက်ပြီးတစ်ရက်သာကြာသွားခဲ့တယ်။ ဒီလိုနဲ့ နှစ်ပေါင်း နှစ်ရာနှစ်ဆယ့်သုံးနှစ်ကြာခက်ခဲပင်ပန်းစွာတိုင်ပင်ပြီးကြတဲ့နောက် နှစ်တစ်နှစ်ရဲ့တစ်မနက်ခင်းမှာတော့ နောက်ဆုံးဆုံးဖြတ်ချက်ကိုချနိုင်ခဲ့တယ်။

အားလုံးသေချာစွာညှိနှိုင်းရွေးချယ်ထားတဲ့ မင်္ဂလာပွဲရက်က မက်မွန်ပန်းတွေပွင့်ချိန်ဖြစ်တဲ့ နွေဦးနှောင်းမှာပဲဖြစ်တယ်။

နှစ်ပါင်းနှစ်ရာကျော်ကြာ ကံဆိုးစွာဝေးကွာနေရတဲ့ မင်္ဂလာဇနီးမောင်နှံနှစ်ယောက်ကတော့ အခြားသူမဟုတ်ပါဘူး ကောင်းကင်ဘုံရဲဲ့အိမ်ရှေ့မင်းသားယဲ့ဟွာနဲ့ ချင်းချူဘုရင်မ ပိုင်ချန်တို့ပါပဲ။

တစ်လောကလုံးက ဒီသတင်းကိုဂုဏ်ပြုဖို့စောင့်နေတာ အတော်လေးကိုကြာသွားပြီ။ ကောင်းကင်မင်းကြီးရဲ့ထုံးစံအတိုင်း ဇနီးမောင်နှံနှစ်ယောက်ရဲ့ အပျော်ရွှင်ရဆုံးနေ့လေးကို မကြုံစဖူး တခမ်းတနားကြီးနဲ့ ကျင်းပမယ်ဆိုတာ ခန့်မှန်းလို့လွယ်ကူပါတယ်။ မင်္ဂလာပွဲရဲ့အဝင်ရှေ့ကစလို့ အရာရာတိုင်းဟာ ခံ့ညားထည်ဝါနေမှာသေချာတယ်။ ဒါပေမယ့် ပွဲကိုတခမ်းတနားဖြစ်အောင် ဘယ်လိုပုံစံနဲ့စီစဉ်နေလဲဆိုတာတော့ တွေးကြည့်ဖို့ရန် ခက်ခဲလှတယ်။

သို့သော်လည်း သတို့သားဘက်မှ ရှည်လျားလှတဲ့နတ်အစီအတန်းကြီး ယူဇီတောင်ပေါ် ဝမ်ရှန်းကန်ရဲ့ဘေးကနေ ချင်းချူဆီသို့ စီတန်းဝင်ရောက်လာတဲ့အချိန်မှာတော့ ကန်ရဲ့တစ်ဖက်မှာ ပုဝါကိုင်ပြီးစောင့်နေတဲ့မိကူတစ်ယောက် ကောင်းကင်မင်းကြီးကိုလျော့တွက်ခဲ့လိုက်မိပါလားလို့တောင် တွေးမိလေရဲ့။

Three Lives Three Worlds,The Pillow Book  Upper Volume (Completed)Where stories live. Discover now